Перейти к содержимому

မာယာဘုံ၊ စာရေးဆရာကြီးမြသန်းတင့်၊ အပိုင်း-၁

MK Myanmar Audio Story

0:00 / 0:00

မာယာဘုံ၊ စာရေးဆရာကြီးမြသန်းတင့်၊ အပိုင်း-၁

49 просмотров · 1 день назад
MK Myanmar Audio Story
4,92 тыс. подписчиков
49 просмотров · 1 день назад
" မာယာဘုံ " 📚 လူတွေရှင်သန်ကျင်လည်ရာ အသိုက်အဝန်းတစ်ခုကို လူ့ဘုံလို့တင်စားကြသလို အလိမ်အကောက် အလှည့်အပြောင်း စွန့်စားခန်းတွေနဲ့ ရှင်သန်ရုန်းကန်ရတဲ့ မှောင်ခိုလောကကို မာယာဘုံရယ်လို့ ဆရာက တင်စားခဲ့သလား။ ရှုပ်ထွေးပွေလီတဲ့ လူ့ဘုံကြီးတစ်ခုလုံးကိုပဲ မာယာဘုံလို့ ဆိုလေသလား ဝတ္ထုဖတ်ရင်း မဝေခွဲတတ်တော့ပါဘူး။ မှောင်ခိုလောကအကြောင်းရယ်လို့ ဆိုလိုက်ရင် လူဖြောင့်လူမှန် သန့်ရှင်းသူရယ်လို့ ဆိုရလောက်အောင်မရှိတဲ့ ဖျံကျနိုင်မှ စားနိုင်မယ်ဆိုတဲ့ ခေါင်းပုံဖြတ်မှုတွေကို ကြည့်မလား၊ ရင်းစားလိုက်ရတဲ့ ဘဝတွေအတွက် ဝမ်းနည်းစရာတွေ ပြည့်နှက်နေတဲ့ အောက်ခြေဆင်းရဲတဲ့ လူတန်းစားတွေရဲ့ ထောက်တိုင်တွေကနေ သဲ့ယူနေကြတဲ့ အထက်တန်းလွှာတွေကိုပဲ မျှော်ကြည့်ရမလား။ ငွေနောက်ကို လိုက်ကြရာဝယ် ရှိတဲ့သူက ရှိတဲ့အလျောက်လောဘ၊ မရှိဆင်းရဲသားတွေရဲ့ ကြောင့်ကြအပူတွေကနေဖြစ်တဲ့လောဘ ဒီနှစ်မျိုးမှာ ဘယ်သူက ပိုဆိုးသလဲ။ ဖျံမလေးလို့ တင်စားခံရတဲ့ အေးမဟာ တကယ်ပဲ သူ့လောဘအတွက် ဖျံကျခဲ့တာလား၊ ဆင်းရဲလွန်းလို့ ငွေတိုးချေးပြီး မိသားစုအတွက် ရုန်းရတာကပဲ ဖျံမလေးအဖြစ် ပြောင်းလဲစေခဲ့သလား မေးခွန်းထုတ်စရာပါ။ ဘဝမှာ ကိုယ့်အမှားကြောင့်မဟုတ်ပဲ ထောင်အကြိမ်ကြိမ်ကျခဲ့ရပေမယ့် ဘယ်လောက်စုတ်ပြတ်နေပါစေ မှောင်ခိုလောကသား မလုပ်ချင်ဘူးရယ်လို့ ကြွေးကြော်ခဲ့တဲ့ ရိုးဖြောင့်ပြီး မှန်ကန်တဲ့လမ်းကြောင်းနဲ့ပဲ အသက်မွေးချင်တဲ့ မောင်ကိုမြင့်နဲ့ ရုန်းကန်ရင်းနစ်နေတဲ့အေးမတို့ရဲ့ ချစ်ခရီးဟာ ရင်နာစရာပါ။ ဆရာက အေးမကိုတော့ ရဲတင်းတဲ့အလှနဲ့လို့ဆိုပြီး ညီမဖြစ်သူ တိုးကိုကျတော့ တည်ငြိမ်တဲ့အလှပိုင်ရှင်လို့ ခွဲခြားပုံဖော်ထားခဲ့တယ်။ တိုးဘဝတည်ငြိမ် လှပပြီး ကောင်းကောင်းပညာသင်ယူနိုင်ဖို့ ကလေး၊ တမူး၊ မာယာများတဲ့ ယမားချောင်း၊ မန္တလေး၊ တောင်ကြီး၊ တာချီလိတ်ထိ အေးမဟာ လူးလာခေါက်တုံ့သွားရင်း မှောင်ခိုကုန်ကူးခဲ့ရတယ်။ ဦးမြမင်းတို့ ဦးကျင်စိန်တို့လို ငွေရှိအထက်တန်းစားတွေရဲ့ ထောက်တိုင် မှောင်ခိုကယ်ရီသမားတွေရဲ့ ဘဝအထွေထွေဟာ အဲဒီခေတ်အဲဒီအခါက မရိုးတဲ့ ပုံပြင်တွေ ဖြစ်နေမှာပါပဲ။ ဒီဘက်ခေတ်မှာတော့ ကုန်ကူးတဲ့ မှောင်ခိုလောကရယ်လို့ တိတိပပမဆိုသာပေမယ့် ခေတ်အဆက်ဆက် မပျောက်မပျက် မှောင်ခိုဆိုတာတော့ ရှိနေအုံးမှာပဲ။ ဆရာက ခိုင်မာတဲ့ဇာတ်အိမ်ကောင်းနဲ့ ဝတ္ထုကို တည်ဆောက်ထားသလို မသိဖူး မရောက်ဖူးတဲ့နယ်ပယ်ဒေသရဲ့အကြောင်းတွေရော၊ ကျောက်မီးသွေးတွင်းနဲ့ ပတ်သက်ပြီး ဘူမိဗေဒဘာသာရပ်ကိုပါ ဗဟုသုတအဖြစ် ခံစားရစေခဲ့တယ်။ ကျွန်မတို့ဟာ ဝတ္ထုဖတ်ရင်း ခရီးသွားခဲ့ရသလို ခံစားရမှာပါ။ ဒါပေမဲ့ တော်တော်မောပါတယ်ရှင်။ ✍🏼 မြသန်းတင့် 📖 မာယာဘုံ #mk #myanmar #audio #story #audiobook #episode1 #mkmyanmaraudiostory