အမှတ်စဉ်-၈ စိတ်ပိုင်း-၈ (ကာမသောဘနစိတ် ၂၄ ပါး)
Ven. Kusalalankara
0:00 / 0:00
အမှတ်စဉ်-၈ စိတ်ပိုင်း-၈ (ကာမသောဘနစိတ် ၂၄ ပါး)
3 666 просмотров · Трансляция закончилась 2 года назад
Ven. Kusalalankara
33,1 тыс. подписчиков
3 666 просмотров · Трансляция закончилась 2 года назад
ကုသိုလ် - အပြစ်မရှိ, ကောင်းကျိုးကို ပေးစွမ်းနိုင်သောကြောင့် ကုသိုလ်မည်ပါသည်။
(တနည်း) - အကုသိုလ်တရားတို့ကို တုန်လှုပ်စေ, ကင်းပျောက်စေ, ပယ်ရှားစေတတ်သော ကြောင့် ကုသိုလ်မည်ပါသည်။
မဟာ - ကြီးကျယ်များမြတ်သော၊
မဟာကုသိုလ်စိတ် - အခြားသော ရူပကုသိုလ်စသည်တို့ထက် အရေအတွက် များသောကြောင့် မဟာကုသိုလ်စိတ် မည်ပါသည်။ ကာမတဏှာ၏ အာရုံပြုသောအားဖြင့် ဖြစ်သော ကုသိုလ်စိတ်များဖြစ်၍ ကာမာ၀စရကုသိုလ်စိတ်ဟုလည်း ခေါ်သည်။
မှတ်ဖွယ်။ ။မဟာကုသိုလ်စိတ်သည် တစ်ပါးတည်းဖြစ်သော်လည်း သောမနဿဝေဒနာ + ဥပေက္ခာ ဝေဒနာ၊ ဉာဏသမ္ပယုတ် + ဉာဏဝိပ္ပယုတ်၊ အသင်္ခါရိက + သသင်္ခါရိက အားဖြင့် ကွဲပြား သောကြောင့် ကုသိုလ်စိတ် ၈ မျိုး ပြားရပါသည်။ ထို့အတူ ဝိပါက်၊ ကြိယာ-တို့လည်း ၈ မျိုးစီ ပြားသောကြောင့် ကာမသောဘနစိတ် ၂၄ ပါး ဖြစ်ရပါသည်။
ကာမာ၀စရစိတ် ၅၄ ပါး သရုပ်ခွဲ
သုခဝေဒနာ ၁-ပါး
ဒုက္ခဝေဒနာ ၁-ပါး
သောမနဿဝေဒနာ ၁၈-ပါး
ဒေါမနဿဝေဒနာ ၂-ပါး
ဥပေက္ခာဝေဒနာ ၃၂-ပါး
ပေါင်း ၅၄-ပါး
ဇာတိအပြား
(ဇာတိဘေဒ)
အကုသိုလ်စိတ် ၁၂-ပါး
ကုသိုလ်စိတ် ၈-ပါး
ဝိပါက်စိတ် ၂၃-ပါး
ကြိယာစိတ် ၁၁-ပါး
ပေါင်း ၅၄-ပါး