Перейти к содержимому

🌟 တိမ်လွှာကြားက မီးရောင်စုံပွဲတော် (သို့မဟုတ်) ရှမ်းပြည်နယ်၏ အထင်ကရ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် 🌟

Youth Directory

0:00 / 0:00

🌟 တိမ်လွှာကြားက မီးရောင်စုံပွဲတော် (သို့မဟုတ်) ရှမ်းပြည်နယ်၏ အထင်ကရ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် 🌟

150 просмотров · 3 недели назад
Youth Directory
1,39 тыс. подписчиков
150 просмотров · 3 недели назад
🌟 တိမ်လွှာကြားက မီးရောင်စုံပွဲတော် (သို့မဟုတ်) ရှမ်းပြည်နယ်၏ အထင်ကရ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် 🌟 🇲🇲 မြန်မာနိုင်ငံရဲ့ အထင်ကရနဲ့ အခမ်းနားဆုံး ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ချိန်ကို ရောက်ဖို့နီးကပ်လာပြန်ပါပြီ။ 🎈 နေ့လွှတ်အရုပ်မီးတွေ၊ ညဘက်ကောင်းကင်ထက်မှာ စိန်နားပန်၊ ညမီးကြီးတွေအပြင် ရောင်စုံမီးရှူးမီးပန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ပွဲတော်ကြီးရဲ့ အလှအပကို ကိုယ်တိုင်ကိုယ်ကျ ခံစားဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပွဲတော်ကြီးမှာ တစ်နေ့တာလုံး ကြည့်မဝနိုင်တဲ့ နေ့လွှတ်မီးပုံးပျံ အရုပ်မျိုးစုံရဲ့ ချစ်စဖွယ်ပုံရိပ်တွေကိုလည်း တွေ့မြင်ရမှာပါ။ တောင်တန်းတွေကြားက အေးမြတဲ့ ဆောင်းလေပြေနဲ့အတူ ရှမ်းရိုးရာယဉ်ကျေးမှု၊ အစားအသောက်နဲ့ စည်ကားသိုက်မြိုက်လှတဲ့ ပွဲတော်ကြီးဟာ ပြည်တွင်း/ပြည်ပခရီးသွားတွေရဲ့ စိတ်နှလုံးကို ဆွဲဆောင်ထားနိုင်တာကတော့ အမှန်ပါပဲ။ 📸 မီးပုံးပျံတွေ ကောင်းကင်ထက် ပျံတက်သွားချိန်မှာ ဖြစ်ပေါ်လာတဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့ အံ့ဩမှင်သက်စရာ မြင်ကွင်းတွေကို လူကိုယ်တိုင် လာရောက်ခံစားရင်းနဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ဘဝမှာ မမေ့နိုင်စရာ အမှတ်တရဓာတ်ပုံတွေရိုက်ကူးဖို့ အကောင်းဆုံး ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားတို့ရဲ့ ဖော်ရွေနွေးထွေးတဲ့ တောင်ကြီးမြို့ဆီကို ဒီနှစ်တန်ဆောင်တိုင်မှာ အရောက်လှမ်းခဲ့ဖို့ ချစ်ခင်စွာ ခရီးဖိတ်ခေါ်လိုက်ရပါတယ်... 🙏❤️ #YouthDirectory #Traveller #Taunggyihotballomfestival #TazaungdaingFestival