ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)
The Irrawaddy News
0:00 / 0:00
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)
48 105 просмотров · 1 г. назад
The Irrawaddy News
1,64 млн подписчиков
48 105 просмотров · 1 г. назад
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)
ဧရာဝတီ၊ မေ ၁၉၊ ၂၀၂၅
ကြံ့ခိုင်ရေးပါတီလို့ ခေါ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနေနဲ့ ခေါင်းဆောင်ပိုင်းကစလို့ ပါတီဝင်တွေအထိ မလုံမခြုံဖြစ်နေတယ်လို့ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ လူမှုကွန်ရက်က တဆင့် မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ ရုပ်သံအင်တာဗျူးထဲမှာ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီကစလို့ အခြားပါတီထိပ်ပိုင်း ခေါင်းဆောင်တွေအနေနဲ့ လက်ရှိ ခရီးသွားလာတဲ့နေရာတွေမှာ သိုသိုသိပ်သိပ် သွားလာနေရတယ်လို့ ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြံ့ခိုင်ရေးပါတီဝင်တွေ သတ်ဖြတ်ခံရမှု သေဆုံးသူ ၃၀၀၀ ကျော်ရှိနေပြီဖြစ်တာကြောင့် နေပြည်တော်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ပါတီဝင်တွေကို ဒုက္ခသည်စခန်းဖွင့်လှစ်စောင့်ရှောက်ထားရတယ်လို့ ပါတီတာဝန်ရှိသူတွေကထုတ်ပြောထားပါတယ်။
#မြန်မာ #ဧရာဝတီ #USDP #ကြံ့ခိုင်ရေးပါတီ #ဦးလှသိန်း #ဦးခင်ရီ #ပါတီဝင် #လုံခြုံရေး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy