အီကြာကွေးကြော်နည်း #အကြော်ကြော်နည်းအမျိုးမျိုး Chinese bread stick
Meemeetofu
0:00 / 0:00
အီကြာကွေးကြော်နည်း #အကြော်ကြော်နည်းအမျိုးမျိုး Chinese bread stick
513 016 просмотров · 6 лет назад
Meemeetofu
165 тыс. подписчиков
513 016 просмотров · 6 лет назад
မူရင်း recipe link
• Homemade Chinese Long Donuts II របៀបធ្...
စတေးဟုမ်းမှာ အီကြာကွေးမှ လုပ်မတတ်သွားရင် ခေတ်နောက်ကျနေမှာနော် ......။
အီကြာကွေးပြုလုပ်နည်းတွေ အမျိုးမျိုးရှိပါတယ်၊
ရိစ်ထည့်တာ။ အမိုးနီယားထည့်တာ။ ကြက်ဥထည့်တာ စသဖြင့်။
အခု မမီးလုပ်ထားတဲ့ အီကြာကွေးနည်းက လာအိုအမျိုးသမီး ယူကျု့ဘာ ရဲ့နည်း အတိုင်းလိုက်လုပ်ထားတာဖြစ်ပါတယ်။
အခု နည်းမှာ..
ဘိတ်ကင်ပေါင်ဒါ မထည့်လို့ရလား။ ဘိတ်ကင်ဆိုဒါ မထည့်လို့ရလား မေးသူများလို့ တခါထဲ ထည့်ဖြေလိုက်ပါတယ်။ မရပါ။ မထည့်ရင် မပွပါ။ ထည့်မယ်ဆိုရင်တောင် အာနိသင်ရှိရပါမယ်။ ဘိတ်ကင်ပေါင်ဒါ အာနိသင်ရှိမရှိကို ခွက်တခုတွင်အနည်းငယ်ထည့်ပီး ရေထည့်ကြည့်ရင် အမြှုတ်ထရပါမယ်။ ဘိတ်ကင်ဆိုဒါ အာနိသင်ရှိမရှိ ခွက်တခုတွင်ထည့်ပီး ရှာလကာရည်လောင်းထည့်ကြည့်ပါ အမြှုတ်ဖွားဖွားထရပါမယ်။
ဘိတ်ကင်းပေါင်ဒါ ၊ ဘိတ်ကင်းဆိုဒါ နဲ့ ရိစ် အကြောင်းမေးသူများအတွက် မမီး သိသလောက် ဖတ်မှတ်ထားသလောက်ရေးထားတဲ့ ပိုစ့်တခုတင်ထားပေးပါတယ်။ အဲဒီမှာ ဖတ်ကြည့်ပါ။ လင့်ခ်ကိုလဲ ဒီမှာ ထပ်ကူးထည့်ပေးလိုက်ပါတယ်။ / …
ပါဝင်ပစ္စည်းများ
၁. မွှေးဂျုံမှုန့် .............. ၁ထုပ် ( ၁၅၀ ဂရမ်)
၂. သကြား .................၁ ၁/၂ လက်ဘက်ရည်ဇွန်း
၃. ဆား ....................၁/၂ လက်ဘက်ရည်ဇွန်း လျော့လျေ့ာ
၄. ဘိတ်ကင်းပေါင်ဒါ ..........၁ ၁/၂ လက်ဘက်ရည်ဇွန်း
၅. ဘိတ်ကင်းဆိုဒါ ...............၁/၄ လက်ဘက်ရည်ဇွန်း
၆. ရေ .......................၁၀၀-၁၃၀ မီလီလီတာ
၇. ဆီ .......................၁ ၁/၂ လက်ဘက်ရည်ဇွန်း
၈. ကြော်ရန်ဆီ.......၂ ၁/၂ လက်မခွဲ အနက်
၉. မကပ်အောင်ဖြူးရန် ဂျုံမှုန့် အပိုဆောင်ထားရန်
သိမှတ်ဘွယ်ရာကွန်မန့်များ
U Soe Soe ရိစ်ကအပွမြန်တာပါ
ရိစ်ထဲ့ရင် 2.နာရီအတွင်ကြော်ရပါတယ်
ဘာဆေးမှမထည့်ချင်ရင်
ဂျုံကြမ်း တစ်ပိဿာကို
ကြက်ဥ ငါးလုံးထည့်ကြော်ရပါတယ်
Kyawthu Min လေလုံအောင်ထုပ် ရေခဲသေတ္တာအောက်ဘက်ထဲထည့်ထား ရပါတယ်ဗျ
လေလုံအောင်တော့ထုပ်ပေးရမယ်.
Kyaw Htay ဘိတ်ကင်ဆော်ဒါ နဲ့ ဘိတ်ကင် ပေါင်ဒါ ကိုတော်တော်များများက ခွဲခြားမသီကြဘူး ။ မြန်မာပြည်မာ ဘိတ်ကင်ပေါင်ဒါ ကို ပေါင်မှုတ် ဖုပ်သမားကလွဲပြီး မသုံးကြဘူး ။ ဘိတ်ကင်းဆော်ဒါက sodium bi carbonate. ဘိတ်ကင် ပေါက်ဒါက ဘိတ်ကင်ဆော်ဒါနဲ့ Cream of tartar (အချင်မှုံ ) ကိုရောလိုက်ရင် ဘိတ်ကင်ပေါင်ဒါဖြစ်သွားပါတယ်။ မြန်မာပြည်မှာ ဆော်ဒါထည်ပြီး တည အခြင်ပေါက်ကြလို့ ဘိတ်ကင်ပေါင်ဒါအလိုလိုဖြစ်သွားလို့ပါ။ သဘါဝ အခြင်ပေါ့။
Close