အင်းလေးမှာရွာတဲ့မိုး ပထမဆုံးဖန်တီးရှင် ဂီတစာဆိုမောင်မောင်မြင့်စိန်
NewsWatch Myanmar
0:00 / 0:00
အင်းလေးမှာရွာတဲ့မိုး ပထမဆုံးဖန်တီးရှင် ဂီတစာဆိုမောင်မောင်မြင့်စိန်
16 146 просмотров · 5 месяцев назад
NewsWatch Myanmar
352 тыс. подписчиков
16 146 просмотров · 5 месяцев назад
ဂီတစာဆို မောင်မောင်မြင့်စိန်ဟာ ကက်ဆက်ဇာတ်းလမ်းခေတ်တလျှောက် ၁၉၇၀-၈၀ ခုနှစ်များကာလ ဇာတ်လမ်းပေါင်းများစွာ၊ တေးသီချင်းပေါင်းများစွာ ရေးသားခဲ့လို အင်းလေးမှာရွာတဲ့မိုးသီချင်းကို ပထမဦးစွာ ရေးသားခဲ့သူဖြစ်ပါတယ်။ ပန်းချီကိုကိုဝင်း၏ နေကျောက်ခဲရုပ်ပြဇာတ်လမ်းကို ကက်ဆက်ဇာတ်လမ်းအဖြစ် အသက်သွင်းရန်အတွက် အဆိုပါတေးသီချင်းကို ရေးစပ်သီဆိုခဲ့သူဖြစ်ပါတယ်။ နောင်မှာ ဒီဇာတ်လမ်းကိုပဲ မင်သားကျော်ဟိန်းနဲ့ ရုပ်ရှင်အဖြစ်ရိုက်ကူးရာမှာတော့ အင်းလေးမှာရွာတဲ့မိုးအမည်နဲ့ပဲ တေးရေးကိုင်ဇာက နောက်ထပ်သီချင်းတပုဒ် ရေးသားစပ်ဆိုခဲ့ရာ ပိုမိုလူသိများ ကျော်ကြားခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့ဂီတလောက အင်းလေးမှာရွာတဲ့မိုးအမည်နဲ့ သီချင်း ၂ ပုဒ်၊ ရေးစပ်သီဆိုသူချင်းမတူညီကြဘဲ ရှိနေပုံကို ဂီတစာဆို မောင်မောင်မြင့်စိန်က ပြောပြထားပါတယ်။
#အင်းလေးမှာရွာတဲ့မိုး #မောင်မောင်မြင့်စိန် #NewsWatch #myanmarmusic