Khit Thit Afternoon News | 5 October 2026
Khit Thit Media
0:00 / 0:00
Khit Thit Afternoon News | 5 October 2026
123 628 просмотров · 3 часа назад
Khit Thit Media
3,29 млн подписчиков
123 628 просмотров · 3 часа назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အောက်တိုဘာလ ၆ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ မလေးရှားနိုင်ငံကို သွားရောက်မည်ဖြစ်ပြီး မလေးရှားရောက် မြန်မာတွေက ဆန္ဒပြမည်ဆိုတဲ့သတင်းတွေကြောင့် နှစ်နိုင်ငံ လုံခြုံရေးအတွက် အထူးတင်းကျပ်ဆောင်ရွက်နေတယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရပါတယ်။
-မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီကို ရောက်ရှိလာချိန်မှာ အပူချိန်မြင့်တက်မှုကြောင့် နိုင်ငံတစ်ဝန်း လျှပ်စစ် ဓာတ်အားသုံးစွဲမှုနဲ့ ဓာတ်အားလိုအပ်ချက် မြင့်တက်လာသဖြင့် အောက်တိုဘာ ၅ ရက်ကစတင်ကာ အလှည့်ကျစနစ်နဲ့ ဓာတ်အားဖြန့်ဖြူးသွားမယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ကြေညာပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှာ ရဲသင်တန်းဆင်းပွဲ ပြုလုပ်နေစဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အီရန်အရေးကြောင့် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရရေး အခက်ကြုံနေရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မဲဆွယ်ပွဲတွေ ပြုလုပ်ပြီး အမေရိကန်ပြည်သူတွေကို စိတ်သက်သာစေဖို့ လှည့်လည်ဟောပြောနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။