Перейти к содержимому

မာဝီ (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF -အတွင်းရေးမှူး -၂ ) နှင့်တွေ့ဆုံမေးမြန်းခြင်း

Khit Thit Media

0:00 / 0:00

မာဝီ (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF -အတွင်းရေးမှူး -၂ ) နှင့်တွေ့ဆုံမေးမြန်းခြင်း

69 634 просмотра · 4 года назад
Khit Thit Media
3,3 млн подписчиков
69 634 просмотра · 4 года назад
“စစ်ကောင်စီက မိုင်းတွေကို ခပ်စိတ်စိတ်သုံးလာတယ် အများပြည်သူသွားလာများတဲ့နေရာတွေနဲ့အိမ်ထဲတွေ ရွာထဲတွေ လမ်းတွေထဲမှာ မိုင်းထောင်လာတာတွေရှိတယ်။ ပြည်သူလူထု ထိခိုက်ဒဏ်ရာရတာက အကြီးမားဆုံးစိန်ခေါ်ချက်ပဲ” မာဝီ (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF -အတွင်းရေးမှူး -၂ ) နှင့်တွေ့ဆုံမေးမြန်းခြင်း By ရန်ကုန်ခေတ်သစ် ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းလိုက်တဲ့ အချိန်မှစပြီး စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတာတွေနဲ့ လက်နက် ကိုင်တော်လှန်တာတွေဟာ အခုချိန်ထိအားကောင်းနေဆဲဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်နေတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေဟာ အခုချိန်မှာတော့ ပြည်နယ်အတွင်းနေရာအများစုကို စိုးမိုးထားနိုင်ပြီး စစ်ကောင်စီ တပ်တွေကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီလိုအထိနာလာတဲ့ စစ်ကောင်စီတပ်တွေဟာ နောက်ပိုင်းမှာတော့ မိုင်းအမျိုးမျိုးကို ခပ်စိတ်စိတ် အသုံးပြုလာကြပါတယ်။ သူတို့စခန်းချရာနေရာပတ်ပတ်လည်မှာ မိုင်းတွေ အများအပြားထောင်ထားသလို အများပြည်သူသွားလာတဲ့နေရာတွေမှာလည်း မိုင်းတွေကို ထောင်ထားလေ့ရှိ ပါတယ်။ ဒီလိုမိုင်းထောင်ထားတာကို သက်စွန့်ဆံဖျားရှင်းလင်းပေးနေသည့် ကရင်နီအမျိုးသားများကာကွယ်ရေး တပ် အတွင်းရေးမှူး ၂ မာဝီ ကိုမိုင်းရှင်းလင်းရတဲ့အကြောင်းတွေနဲ့ မိုင်းရှင်းလင်းတဲ့ အတွေ့အကြုံ တွေကို တွေ့ဆုံမေးမြန်းထားပါတယ်။