ကယ်တင်ခြင်း၂မျိုး // ဆရာ ရဲကျော်သူ // School Of Discipleship // City Of Refuge
Ye Kyaw Thu
0:00 / 0:00
ကယ်တင်ခြင်း၂မျိုး // ဆရာ ရဲကျော်သူ // School Of Discipleship // City Of Refuge
1 110 просмотров · 8 дней назад
Ye Kyaw Thu
8,97 тыс. подписчиков
1 110 просмотров · 8 дней назад
တန်ခိုးနဲ့ ကယ်ခြင်း မဟုတ်ပါ။
ခန္ဓာ၊ အသွေး၊ အသက် စွန့်၍ ကယ်ခြင်းဖြစ်ပါတယ်..။
—————-……….—————-
ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိတရား ဆိုတာ
လူတို့ကို အပြစ်မှ ကယ်ချွတ်ရှင်ဖြစ်သော ယေရှုခရစ်တော်ရဲ့ အပြစ်သားအားလုံးအတွက်
ကားတိုင်ပေါ်၌ ခန္ဓာ၊ အသွေး၊ အသက်နဲ့ ပြုပေးတဲ့
ကုသိုလ်ကို ဝေငှ ဝေမျှ ရတာဖြစ်တယ်..။
ယေရှုကို .. လို .. တ .. ရ .. တန်ခိုးရှင် အဖြစ်
ဟောကြားရတာ မဟုတ်ဘဲ
ကယ်တင်ရှင် ဖြစ်သော ယေရှု၏ လူအားလုံးအတွက်
ပြုပေးခဲ့သော ကောင်းမှုကုသိုလ်ကို ဝေငှ ရတာ ဖြစ်ပါတယ်။
ကယ်တင်ခြင်း သတင်းကောင်း မပါလျှင်
ခရစ္စမတ်သည် အနှစ်သာရ မရှိ..၊
ဘုရားပွဲ သက်သက်သာ ဖြစ်ပါ လိမ့်မယ်။
မိရိုးဖလာ ခရစ်ယာန်တော်တော်များများတို့သည် ကယ်တင်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရားကို မသိဘဲ ဘာသာဝင်သက်သက်သာ ဖြစ်ကြတယ်။
ဘာသာဝင်ခြင်းသည် ကယ်တင်ခြင်း မရသလို
ငရဲမှ လည်း မလွတ်..။
တန်ခိုး နမိတ်လက္ခဏာအားဖြင့် ယေရှုကို လက်ခံခဲ့သောလူတော်တော်များများသည်လည်း ကယ်တင်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိ တရားစစ်ကို မသိ..။
စိတ်အားကြီးလျှက် ဘာသာဝင်ကြ၏။
သင်္ခါရ လွတ်ခြင်းနှင့် ထာဝရ လွတ်ခြင်း
ကယ်တင်ခြင်းအကြောင်း ကို ပိုင်းခြား မသိ..။
ထို့ကြောင့် တိုက်တွန်းလိုပါ၏။
ကယ်တင်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရား ဆိုတာ
လူတို့ကို အပြစ်မှကယ်ချွတ်ရှင်ဖြစ်သော ယေရှုခရစ်တော်ရဲ့ အပြစ်သားအားလုံးအတွက် ကားတိုင်ပေါ်၌
ခန္ဓာ၊ အသွေး၊ အသက်နဲ့ ပြုပေးတဲ့ ကုသိုလ်ကို ဝေငှ ဝေမျှ ရတာဖြစ်ပါတယ်..။
(အသွေး မသွန်းလောင်းဘဲ အပြစ် လွတ်ခြင်း မရှိ။
လူ့အပြစ်ကို ဖြေသော အရာကား အသွေးဖြစ်သတည်း)
တန်ခိုးရှင် အနေနဲ့ မဟုတ်ပါ..။ ကယ်တင်ရှင် ဖြစ်ပါတယ်။
တန်ခိုးနဲ့ ကယ်ခြင်း မဟုတ်ပါ။
ခန္ဓာ၊ အသွေး၊ အသက် စွန့်၍ ကယ်ခြင်းဖြစ်ပါတယ်..။
ထိုအရာကို ယုံကြည်လက်ခံလျှင် ယခု ယုံလျှင်
ယခုပင် သင့်အတွက် နောင် တမလွန် စီရင်ခြင်းက လွတ်ပြီ ဖြစ်ပါသည်။
ယခုဘဝ ဤ လောကမှာ အသက်ရှင်စဉ်အခါတွင်လည်း
လူကို ဆုံးရှုံးစေသော
လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ကိလေသာ ၊ တဏှာမှလည်း နေ့စဉ်ကယ်တင်၍ လောကကို အောင်မြင်စေလျှက် လောက၏ အလင်း ဖြစ်စေဦးမည် ဖြစ်ပါသည်။
သင့်အတွက် ယေရှု ရှိပါသည်..။
ကယ်တင်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိ တရားကိုကြားသောသူအပေါင်းတို့သည်
အပြစ်သားမှ ဘုရားသားသို့
အမှောင်မှ အလင်းသို့
ညစ်ညူးခြင်းမှ သန့်ရှင်းခြင်းသို့
ဆုံးရှုံးခြင်းမှ အောင်မြင်ခြင်းသို့ ဟူသော
ဘဝပြောင်းလဲခြင်း မင်္ဂလာသို့ ရောက်ရှိ ခံစားကြရပါစေ။
#soundsofheaven
#cityofrefuge
#sayayekyawthu
#yekyawthu
#ရဲကျော်သူ
#ကယ်တင်ခြင်း