Перейти к содержимому

ပုံမှန်မဟုတ်သော လက္ခဏာများ ရှိပါက အာရုံကြောအထူးကုဆရာဝန် (Neurologist) နှင့် ပြသင့်ပါသည်

WeCare Diabetes

0:00 / 0:00

ပုံမှန်မဟုတ်သော လက္ခဏာများ ရှိပါက အာရုံကြောအထူးကုဆရာဝန် (Neurologist) နှင့် ပြသင့်ပါသည်

2 326 просмотров · 1 год назад
WeCare Diabetes
14 тыс. подписчиков
2 326 просмотров · 1 год назад
"ပုံမှန်မဟုတ်သော လက္ခဏာများ" ဆိုသည်မှာ ၁။ ကြွက်သားများ အားနည်းလာပြီး လှုပ်ရှားရန် ခက်ခဲလာပါသည်။ ၂။ မိမိကိုယ်တိုင် ကြွက်သားအားနည်းနေမှန်း မသိဘဲ သူများက ပြောမှသတိထားမိတတ်ပါသည်။ ၃။ ခန္ဓာကိုယ်တစ်ခြမ်းသည် အခြားတစ်ခြမ်းနှင့် မတူညီသည်ကို သတိထားမိတတ်ပါသည်။ ထုံကျဉ်ခြင်းနှင့် အခြားလက္ခဏာများ: ၁။ ထုံခြင်း (Numbness) - တစ်ခုခုကို ထိလိုက်သည့်အခါ ခံစားမှုနည်းသွားခြင်း (သို့) လုံးဝမခံစားရခြင်း ၂။ ကျဉ်ခြင်း (Tingling) - လျှပ်စစ်ဓာတ်လိုခံစားရခြင်း (သို့) ဆူးစူးသလို စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း -ကျဉ်ခြင်းသည် အချိန်အတော်ကြာ ဆက်တိုက်ဖြစ်နိုင်သလို၊ တစ်ခုခုကို ထိမှသာ ဖြစ်တတ်ပါသည်။ ၃။ အပူ/အအေး ခံစားမှု ပြောင်းလဲခြင်း - ယခင်ကကဲ့သို့ ပူသည်ကိုလည်း မပူသလို၊ အေးသည်ကိုလည်း မအေးသလို ခံစားရတတ်ပါသည်။ လက္ခဏာများ: ၁။ ဟန်ချက်မညီခြင်း - လမ်းလျှောက်ရာတွင် မတ်တပ်မရပ်နိုင်သလို (သို့) အရက်မူးနေသလို ခံစားရခြင်း ၂။ မူးဝေခြင်း - ခေါင်းထဲကမှိုင်ပြီး ကိုယ်ခန္ဓာက ရွေ့လျားနေသလို ခံစားရခြင်း (ကိုယ်က ငြိမ်နေသော်လည်း) ၃။ မတည်ငြိမ်ခြင်း - ရပ်နေရင်း (သို့) လမ်းလျှောက်နေရင်း ဟိုဘက်ဒီဘက်ယိုင်နေသလို ဖြစ်ခြင်း ဤလက္ခဏာများသည် အာရုံကြောဆိုင်ရာ ပြဿနာများနှင့် သက်ဆိုင်ပါသည်။ ထိုသို့သော လက္ခဏာများ ခံစားရပါက အာရုံကြောအထူးကုဆရာဝန်နှင့် အမြန်ဆုံးပြသပါ။ အထူးကုဆရာဝန်ကြီး ဒေါက်တာသာသာဦး၏ ဆွေးနွေးချက်များမှ ဗဟုသုတရစေရန် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။ WeCare Diabetes Platform: https://joinwecare.com/download