ရိုဟင်ဂျာတွေ အိမ်ပြန်ဖို့ AA နဲ့ စကားပြောရမယ် (ရုပ်/သံ)
The Irrawaddy News
0:00 / 0:00
ရိုဟင်ဂျာတွေ အိမ်ပြန်ဖို့ AA နဲ့ စကားပြောရမယ် (ရုပ်/သံ)
57 125 просмотров · 1 год назад
The Irrawaddy News
1,61 млн подписчиков
57 125 просмотров · 1 год назад
ဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမှာ ဩဂုတ်လကုန်က ကျင်းပခဲ့တဲ့ ရိုဟင်ဂျာအရေးညီလာခံမှာ ဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။
ဒုက္ခသည်စခန်းထဲက ကိုယ်စားလှယ်တွေက ရခိုင်နဲ့ ရိုဟင်ဂျာတွေဟာ ရန်သူတွေ မဟုတ်ဘူးလို့ ပြောပေမယ့် ဥရောပရောက် တက်ကြွလှုပ်ရှားသူတွေကတော့ အာရက္ခတပ်တော် (AA) ကို မြန်မာစစ်တပ်နဲ့ တန်းတူ သတ်မှတ်ထားတာကြောင့် သဘောထားအမျိုးမျိုး ကွဲနေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေကို လုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ရေး တိုက်တွန်းနေပေမယ့် ရခိုင်ပြည်နယ်တခုလုံးနီးပါး သိမ်းပိုက်ထားတဲ့ AA နဲ့ မညှိနှိုင်းဘဲ ဒီကိစ္စ အကောင်အထည် မပေါ်နိုင်ပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေ၊ သဘောထားနဲ့ နေရပ်ပြန်နိုင်ရေး မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားခွင့်ပြုချက်နဲ့ ကော့ဆက်ဘဇားကို သွားလေ့လာခဲ့သလို ဒါကာမြို့တော်က ဒေသခံသတင်းစာဆရာတွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ သုတေသီ ဒေါက်တာဒေါ်မွန်မွန်မြတ်နဲ့ ဧရာဝတီအယ်ဒီတာ ရဲနည်တို့က သူတို့ခရီးစဉ်မှာ တွေ့ကြုံခဲ့ကြတာကို ပြန်လည်သုံးသပ်ဆွေးနွေးထားကြပါတယ်။
#မြန်မာ #ဧရာဝတီ #ဘင်္ဂလားဒေ့ရှ် #ရိုဟင်ဂျာ #ဒုက္ခသည် #ကော့ဆက်ဘဇား #ဒါကာ #အာရက္ခတပ်တော် #ဒေါ်မွန်မွန်မြတ် #ရဲနည် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy