Перейти к содержимому

သွားနဲ့ခံတွင်း ပြဿနာကင်းဝေးဖို့ စနစ်မှန် သွားတိုက်ကြစို့

တယ်လီကျန်းမာ - Telekyanmar

0:00 / 0:00

သွားနဲ့ခံတွင်း ပြဿနာကင်းဝေးဖို့ စနစ်မှန် သွားတိုက်ကြစို့

1 917 просмотров · 3 месяца назад
တယ်လီကျန်းမာ - Telekyanmar
39 тыс. подписчиков
1 917 просмотров · 3 месяца назад
အားလုံးပဲ မင်္ဂလာပါ။ သွားနဲ့ခံတွင်း ကျန်းမာရေးဟာ ကျွန်တော်တို့တစ်ဦးချင်းစီရဲ့ ယုံကြည်မှုနဲ့ အထွေထွေကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ လူတိုင်း နေ့စဉ် သွားတိုက်ကြပေမယ့် နည်းစနစ်မမှန်တဲ့အတွက် သွားဖုံးရောင်တာ၊ သွားကျင်တာနဲ့ သွားပိုးစားတာတွေကို ကြုံတွေ့နေရတတ်ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ "စနစ်မှန် သွားတိုက်နည်း" နဲ့ ပတ်သက်ပြီး အခြေခံကအစ အသေးစိတ် Dr. Set က မျှဝေပေးထားပါတယ်။ ဗီဒီယိုထဲမှာ ပါဝင်မယ့် အကြောင်းအရာများ - သွားတိုက်တံ ရွေးချယ်မှု - Soft သို့မဟုတ် Extra Soft ကို ဘာကြောင့် ရွေးသင့်သလဲ? သွားတိုက်ဆေး - ဖလိုရိုက် (Fluoride) ပါဝင်မှုရဲ့ အရေးပါပုံနဲ့ အသုံးပြုရမယ့် ပမာဏ။ သွားနဲ့ခံတွင်း ဖွဲ့စည်းပုံ - အစာအညှိအကြေး အတင်ဆုံးနေရာများအကြောင်း။ ၄၅ ဒီဂရီ နည်းစနစ် - သွားဖုံးနဲ့ သွားကြားက အညစ်အကြေးတွေကို ဘယ်လိုသန့်ရှင်းမလဲ? အာခေါင်နဲ့ လျှာ သန့်ရှင်းရေး - ခံတွင်းနံ့ နံခြင်းကို ကာကွယ်ဖို့။ သွားတိုက်ပြီး ပလုတ်ကျင်းခြင်း - ဖလိုရိုက် အာနိသင်မပျက်အောင် ဘယ်လိုကျင်းမလဲ? သွားတိုက်ရမည့် အချိန် - ညအိပ်ခါနီးနဲ့ မနက်ပိုင်း အထိရောက်ဆုံးအချိန်များ။ ဒီဗီဒီယိုလေးက အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် ဗီဒီယိုမှာတော့ သွားကြားပွတ်ကြိုး (Dental Floss) စနစ်တကျ သုံးနည်းကို တင်ဆက်ပေးသွားမှာမို့ စောင့်ကြည်ဖို့လဲ မမေ့နဲ့ဦးနော်။ ကြည့်ရှုပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ #DentalHealth #OralCare #BrushingTechnique #MyanmarHealth #သွားကျန်းမာရေး #စနစ်မှန်သွားတိုက်နည်း #သွားနှင့်ခံတွင်း #telekyanmar #တယ်လီကျန်းမာ