မိုးရွာပေမဲ့ ရန်ကုန်၊ ပဲခူးနဲ့ မကွေးမှာ အပူချိန် ၄၀ ဒီဂရီအထိ ရှိနိုင်
CJ Platform
0:00 / 0:00
မိုးရွာပေမဲ့ ရန်ကုန်၊ ပဲခူးနဲ့ မကွေးမှာ အပူချိန် ၄၀ ဒီဂရီအထိ ရှိနိုင်
937 просмотров · 2 ч назад
CJ Platform
146 тыс. подписчиков
937 просмотров · 2 ч назад
မိုးရွာပေမဲ့ ရန်ကုန်၊ ပဲခူးနဲ့ မကွေးမှာ အပူချိန် ၄၀ ဒီဂရီအထိ ရှိနိုင်
မနက်ဖြန် အောက်တိုဘာ ၁၆ ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
CJ Platform
မနက်ဖြန် အောက်တိုဘာ ၁၆ ရက်၊ သောကြာနေ့အတွက် မြန်မာနိုင်ငံ ဒေသအသီးသီးမှာဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။
မနက်ဖြန်မှာ တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအများအပြားမှာ မိုးရွာနိုင်ပြီး တချို့နေရာတွေမှာ မိုးသည်းထန်နိုင်ပါတယ်။ အထူးသဖြင့် တောင်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးတာ၊ လေပြင်းတိုက်တာနဲ့ မိုးကြိုးပစ်တာတွေကို သတိပြုဖို့ လိုအပ်ပါတယ်ရှင်။
အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်တွေအရ ဘင်္ဂလားပင်လယ်အော်အတွင်း မိုးတိမ်တောင်တွေ အားကောင်းစွာ ဖြစ်ပေါ်နေပါတယ်။ ပင်လယ်ဘက်က စိုထိုင်းဆများတဲ့ လေစီးကြောင်းတွေ မြန်မာနိုင်ငံဘက်ကို ဝင်ရောက်လာနိုင်သလို တရုတ်ပြည်မကြီးဘက်က လေဖိအားမြင့်စနစ်နဲ့ လေအေးတွေကလည်း တောင်ဘက်ကို ရွေ့လျားလာနေပါတယ်။
#CJPlatform #မိုးလေဝသခန့်မှန်းချက် #မိုးကြီးနိုင် #ရေကြီးမြေပြိုသတိပြု #ခရမ်းလွန်ရောင်ခြည်