Перейти к содержимому

ဝက်လက်မှာ စစ်အုပ်စုစစ်ကြောင်းကို ဘယ်လိုအပြတ်ချေမှုန်းနိုင်ခဲ့လဲ

Mandalay Free Press - MFP

0:00 / 0:00

ဝက်လက်မှာ စစ်အုပ်စုစစ်ကြောင်းကို ဘယ်လိုအပြတ်ချေမှုန်းနိုင်ခဲ့လဲ

472 933 просмотра · 1 год назад
Mandalay Free Press - MFP
339 тыс. подписчиков
472 933 просмотра · 1 год назад
ကျည်ပြတ်လပ်တဲ့ကြားက ဝက်လက်မှာ စစ်အုပ်စုစစ်ကြောင်းကို ဘယ်လိုအပြတ်ချေမှုန်းနိုင်ခဲ့လဲ သက်တန့်/ MFP ၊ ဇန်နဝါရီ - ၈ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းမှာ စစ်အုပ်စုရဲ့ အင်အား ၇၀ လောက်စီပါဝင်တဲ့ စစ်ကြောင်းနှစ်ခုကို တော်လှန်ရေးအဖွဲ့တွေက တစ်ပြိုင်တည်း အပြတ်ချေမှုန်းနိုင်ခဲ့ပါတယ်။ ဇန်နဝါရီ ၅ ရက် ဝက်လက်မြို့နယ်အရှေ့ခြမ်းက ရွာတွေမှာ စစ်ကြောင်းအပြိုင်ထိုးနေစဉ်အတွင်း တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ချေမှုန်းလိုက်တာဖြစ်ပါတယ်။ အညာမှာ လွန်ခဲ့တဲ့ တော်လှန်ရေးကာလတစ်လျှောက်လုံး စစ်အုပ်စုရဲ့ စစ်ကြောင်းတွေကို အပြတ်ချေမှုန်းနိုင်ခဲ့တယ်ဆိုတာ မရှိသလောက်ရှားပါးတဲ့ အနေအထားတစ်ခုကနေ အခုနှစ်ဆန်းပိုင်းမှာပဲ အခုလိုအောင်မြင်မှုရလာတာ ဘာကြောင့်ပါလဲ။ ၁၀၂၇ စစ်ဆင်ရေးမှာ လက်နက်နဲ့ စစ်ရေးအတွေ့အကြုံရရှိဖို့အတွက် ညီနောင်သုံးဖော်အပါအဝင် နိုင်ငံတစ်ဝန်း တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ အညာသားရဲဘော်တွေရဲ့ စစ်ရေးအတွေ့အကြုံပြည့်ဝလာမှုကြောင့်လား။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးကို MFP က ဆက်သွယ်မေးမြန်းထားပါတယ်။ #Mandalay_Free_Press_MFP