Перейти к содержимому

EP 121 - ဗီဒီယို အသေအချာရိုက်မယ်ဆို ဓာတ်ပုံကင်မရာက ဘာကြောင့် အဆင်မပြေတာလဲ

Holodlo

0:00 / 0:00

EP 121 - ဗီဒီယို အသေအချာရိုက်မယ်ဆို ဓာတ်ပုံကင်မရာက ဘာကြောင့် အဆင်မပြေတာလဲ

576 просмотров · 1 месяц назад
Holodlo
3,7 тыс. подписчиков
576 просмотров · 1 месяц назад
အခု ခေတ် ဓာတ်ပုံ ကင်မရာတွေမှာ တကယ်ကောင်းတဲ့ ဗီဒီယို လုပ်ဆောင်ချက်တွေ အများကြီးပါပေမယ့်၊​ တကယ် ဗီဒီယိုရိုက်မယ်၊​ အထူးသဖြင့်တော့ သတင်း၊​ မှတ်တမ်း ဗီဒီယို ရိုက်မယ်ဆို ဘာကြောင့် တကယ့် ဗီဒီယို ဦးစားပေး ကင်မရာတွေကိုပဲ ဝယ်ဖို့ ကျွန်တော် တိုက်တွန်းလဲဆိုတာ ဒီ vlog မှာ ရှင်းပြထားပါတယ်။ ဓာတ်ပုံကင်မရာတွေက သေးပြီး သယ်ရလွယ်ပေမယ့် တကယ်သာ ရိုက်မယ်ဆို ပြန်ဆင်ရင်းနဲ့ rig, mic, audio recorder, matte box တွေနဲ့ ဝိတ်နဲ့ အရွယ်အစား ပြန်ကြီးသွားပြီး ယုံကြည်စိတ်ချရမှုမရှိတာ ကြောင့် တိုက်တွန်းခြင်းဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ အပျော်ပေါ့ပေါ့ ပါးပါး ခရီးထွက်ရင်း မှတ်တမ်းတင် ဗီဒီယို ရိုက်တာလောက်ဆို iPhone နဲ့ ရိုက်ဖြစ်ပြီး ဓာတ်ပုံဆို ဓာတ်ပုံကင်မရာ သီးသန့်ကိုပဲ လက်ရှိသုံးပါတယ်။ တကယ် မှတ်တမ်း ဗီဒီယို ပရောဂျက် အတွက်ဆိုရင်တော့ ကျွန်တော်က camcorder, handycam တွေကိုပဲ မှတ်တမ်းရိုက်ဖို့ သုံးဖြစ်ပါတယ်။