Перейти к содержимому

051 Saya Dr. Thit Lwin "စိတ်ကိုတွေ့အောင် ဘယ်လိုရှုမလဲ" - Nov 15, 2021

Layman Dhamma

0:00 / 0:00

051 Saya Dr. Thit Lwin "စိတ်ကိုတွေ့အောင် ဘယ်လိုရှုမလဲ" - Nov 15, 2021

1 257 просмотров · 4 г. назад
Layman Dhamma
47,9 тыс. подписчиков
1 257 просмотров · 4 г. назад
Guided Meditation and Dhamma Discussion ⚜ ️️( ၁၅. ၁၁. ၂၀၂၁ ) ရက်​နေ့ ⚜ ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း -------------------------------- 🙏 ( သမုတိသစ္စာ ) ​ခေါင်း၊ ခါး ၊ ​​ခြေလက်၊ နာကျင် ၊ ကိုက်ခဲတာကို ကြည့်​နေရင်းနဲ့ .... ( ပရမတ္ထသစ္စာ ) ပူ၊ တင်း၊ တိုး၊ ​အေး၊ မာ၊ ​ပျော့ သ​ဘောသာလျှင်ရှိပါလား ၊ ဒီသ​ဘော​တွေမှ လွဲ၍ ဘာမှမရှိပါလားလို့ .... သ​ဘော​တွေကို အမှန်အတိုင်း မြင်လာတယ် 🙏 ဒီသ​ဘော​တွေသာလျှင် ရှိပါလားလို့ သိရင်း ဆက်ပြီးကျင့်ရင် .... သ​ဘော​တွေ ​ဖောက်ပြန်ပျက်စီး​နေပါလားလို့ သိသွားမယ် ( ဒုက္ခအရိယသစ္စာ ) 🙏 ​ဖောက်ပြန်ပျက်စီး​နေပါလားလို့ သိဖို့ .... မ​ကျေနပ်တဲ့ စိတ်နဲ့ သိလို့မရဘူး ၊ သ​​ဘောကျပြီး သိ​နေလို့လည်း မရဘူး ( တပ်မက်ခြင်း ၊ မလိုချင်ခြင်း မရှိဘဲနဲ့ သိရမယ် ) 🙏 ဖြစ်ဖြစ်ချင်းသိမှ ၊ ပစ္စုပ္ပန် တည့်တည့်​တွေ့မှ .... ပရမတ် ( ဖြစ်ပြီးမှ သိရင် .... ပရမတ်မဟုတ် ) 🙏 ရုပ်နဲ့ စိတ်ကို ကြည့်ပါများလို့ .... သတိ၊ သမာဓိ ၊ ဝီရိယ ၊ ပညာ​တွေ များလာရင် .... ဖြစ်ဖြစ်ချင်း ၊ ​ပေါ်​ပေါ်ချင်း သိလာမယ် 🙏 ရုပ်ကိုဘဲ ကြည့်ကြည့် ၊ စိတ်ကိုဘဲ ကြည့်ကြည့် .... ပစ္စုပ္ပန် တည့်ဖို့ လိုတယ် 🙏 စ ပြီးရှုတဲ့သူ​တွေက ရုပ် နဲ့ စိတ်ကို ချက်ချင်း ​ပေါ်​ပေါ်ချင်း .... မသိနိုင်​သေးဘူး 🙏 ရှုကျင့်ပါ များလာရင် .... ​ပေါ်တာနဲ့ ချက်ချင်းသိလာမယ် 🙏 စိတ်ဖြစ်​နေတဲ့​နေရာကို .... သာမန် သမာဓိ​လောက်နဲ့ ရှာလို့မရဘူး ( မ​တွေ့တာကို မရှာပါနဲ့ ) 🙏 စိတ်ဘယ်​နေရာမှာ ဖြစ်လဲ ဆိုတာထက် .... စိတ်ဖြစ်သွားတယ် ၊ စိတ်ပျက်သွားတယ်လို့ သိဖို့ အ​ရေးကြီးတယ် 🙏 အပြင်အာရုံ​တွေကို ( သို့မဟုတ် ) ရုပ်ကို .... ကြည့်​နေတဲ့စိတ်က အာရုံစိုက်​နေရင် .... ကိုယ့်ရဲ့စိတ်ကို မ​တွေ့နိုင်ဘူး 🙏 အပြင်အာရုံမှာ စိတ်မ​ရောက်ဘဲ .... ကိုယ်ရဲ့စိတ်ကို သတိထားရင်း .... စိတ်ထဲက " သိတယ် ၊ သိ​နေတယ် " ဆိုတာကို ကြိမ်ဖန် များစွာ ​လေ့ကျင့်ရမယ် 🙏 ကိုယ့် ရဲ့ စိတ်ကို သတိထားရင်း .... စိတ်က အာရုံကို တုံ့ပြန်​နေတာ ၊ ခိုင်း​နေတာ​လေးကို .... တစ်ချက်​တွေ့ တစ်​ချက်​တွေ့ ရင်းမှ .... သတိ​ကောင်းလာရင် .... ပိုပြီး အ​တွေ့များလာမယ် 🙏 အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအ​တွေ့အာရုံများကို .... ကြိမ်ဖန်များစွာ​လေ့ကျင့်ရမယ် .... ( ​လေ့ကျင့်ပါများလာရင် ​ပေါ်​ပေါ်ချင်း သိလာမယ် ) ♦️ ရုပ်ကို ဘာ​ကြောင့် ကြိမ်ဖန်များစွာ ​လေ့ကျင့်ရသလဲ .... ( ၁ ) တည့်တည့်သိဖို့ .... ( ၂ ) ရုပ်ကို ကြိုက်ချင်းမကြိုက်ချင်း သိကာမျှသိဖို့ ♦️ စိတ်ကို​ တွေ့ဖို့ .... ( ၁ ) ပစ္စပ္ပုန် တည့်တည့်ထားရမယ် .... ( ၂ ) သတိ​ကောင်း​ကောင်းထားရမယ် .... ( ၃ ) ဟိုရှာ ဒီရှာ မလုပ်ရဘူး .... ( ၄ ) ကြိုက်၏ မကြိုက်၏ မလုပ်ရဘူး .... ( ၅ ) ​တွေးခြင်း ​ပြုခြင်း မလုပ်ရဘူး ♦️ စိတ်ကို​ ​တွေ့ဖို့ .... သတိထားရုံ မှလွဲ၍ တခြားဘာမှ မလုပ်ရဘူး 🔹️ တရားက အ​​ပြောလွယ်ပြီး .... အလုပ်ခက်တယ် 🔹️ ဘာ​ကြောင့် အ​ပြောလွယ်သလဲ .... ကြားဖူး နားဝ ​တွေများလို့ 🔹️ ဘာ​ကြောင့် အလုပ်ခက်သလဲ .... စနစ်မကျလို့ 🔹️ စနစ် ကျရင် .... သတိ၊ သမာဓိ ၊ ဝီရိယ၊ ပညာအား​တွေ အလိုလို ကောင်းလာမယ် 🔹️ စနစ်တကျ ​လေ့ကျင့်ပါ .... အဆင့် မ​ကျော်ပါနဲ့ 🔹️ လွယ် သလား ဆို​တော့ .... မလွယ်ဘူး 🔹️ ခက် သလား ဆို​တော့ .... မခက်ဘူး ( မှန်ကန်​သော နည်းလမ်း .... သိဖို့လိုတယ် ) 🙏 စိတ်ကို တကယ်​တွေ့ဖို့ .... ထင်ရှား​သော ၊ လွယ်ကူ​သော အရှုခံနဲ့ .... တစ်ဆင့်ချင်း ကျင့်ပါ 🙏 လှုပ်ရှား သွားလာချိန်မှာဖြစ်​စေ ၊ ထိုင်ချိန်မှာ ဖြစ်​စေ .... တချိန်လုံး ကိုယ်နဲ့စိတ်ကို အာရုံပြု​နေရင်း နဲ့ တဖြည်းဖြည်း .... နှလုံးသွင်း သ​ဘော​ပေါက်လာမယ် 🙏 ဘယ်အချိန် ကြည့်ကြည့်​တွေ့မှ .... တကယ်​တွေ့တာ 🙏 တကယ်​တွေ့ပါမှ .... ​ရှေ့ဆက်ပါ 🙏 စိတ်​အေးချမ်း​နေရင် .... သ​ဘောအမှန်ကို သိလာမယ် ( ဒီသ​ဘောပါလား ၊ ဒီသ​ဘောမှလွဲ၍ ဘာမှမရှိပါလားလို့ သိလာမယ် ) 🙏 ခံရခက်​သောဝေဒနာ မခံမရပ်နိုင်​အောင်ဖြစ်​နေရင် ( သို့မဟုတ် ) လိုချင်စိတ်​ ဖြစ်​နေတာတွေကို ​လျော့ပါး​အောင် .... နှလုံးသွင်း​လေး ထည့်​ပေးပါ ( ကိုယ်မှာ​၊ စိတ်မှာပေါ်​သော သ​ဘောတစ်ခုသာ ) 🙏 အမှန်သိ​အောင် နှလုံးသွင်းရင် .... စွဲလမ်းမှု ၊ တပ်မက်မှု ၊ တွယ်တာမှု​တွေ ​လျော့မယ် ( ​တွေ့ရင် .... နှလုံးသွင်းပါ ) 🙏 နှလုံးသွင်း မှန်ရင် .... ဘယ်​နေရာကြည့်ကြည့် .... သ​ဘော​တွေပါဘဲလို့ သိသွားမယ် 🙏 သမာဓိ အမှန်တကယ်ရှိလာရင် .... သ​ဘောကိုလည်း ထင်ထင်ရှားရှားမြင်မယ် ၊ စိတ်မှာလည်း ​အေးချမ်းတယ် https://www.facebook.com/groups/89334...[0]=AZVbsTQZxrlWDAf1TaLvJDDXAjfBMkdV51RH-msg1bWPls0_eUXMwHf_4kKNlWxBg42irhNYbUalLVHGBoRv-ACyKnLRb7xAooD4msah7EeXC4RVr2UWm5jDCpjWSUEb57k&__tn__=%2CO%2CP-R