ပြူတင်းပေါက် | ပါပီယွန် ။ ။ #ကာပ်ဖီpoetry #ရွတ်ဖတ်သူ_သက်ငြိမ်နွေ #ပါပီယွန် #ပြူတင်းပေါက်
Kafkaesque Poetry ကာပ်ဖီ poetry
0:00 / 0:00
ပြူတင်းပေါက် | ပါပီယွန် ။ ။ #ကာပ်ဖီpoetry #ရွတ်ဖတ်သူ_သက်ငြိမ်နွေ #ပါပီယွန် #ပြူတင်းပေါက်
518 просмотров · 6 дн. назад
Kafkaesque Poetry ကာပ်ဖီ poetry
666 подписчиков
518 просмотров · 6 дн. назад
မကြာသေးတဲ့ နှစ်ကာလတစ်ခုမှာ သတင်းတစ်ခု ကြည့်ရဖူးတယ်။ ဒုတိယကမ္ဘာစစ် ကာလကြီး အတွင်းမှာ အမေရိကန်စစ်သားတစ်ယောက်နဲ့ အင်္ဂလိပ်မလေးတစ်ယောက်ဟာ လန်ဒန်က သိမ်းမြစ်နံဘေးမယ် ချစ်ကျွမ်းဝင်ခဲ့ကြသတဲ့။ အသက်၂ဝ ကျော် ကောင်လေးနဲ့ ၁၇ နှစ် အရွယ်ကောင်မလေးဆိုတော့ အရူးအမူးပေါ့လေ။ နှစ်ယောက်လုံးအတွက် အချစ်ဦးတွေတဲ့။ သိပ်မကြာပါဘူး၊ မဟာမိတ်တွေရဲ့ ဒီဒေးကမ်းတက်တိုက်ပွဲမှာ အမေရိကန်စစ်သားလေး ပါသွား တယ်။
“ငါပြန်လာခဲ့မယ်...” လို့မှာသွားခဲ့သတဲ့ ။
စစ်ကြီးဟာ သူတို့နှစ်ယောက် ကမ္ဘာခြားသွားခဲ့တယ်။ နောက်တော့ စာလေးတွေ အပြန် အလှန် ရေးနေရင်း ကောင်လေးက စာတစ်စောင်ရေးလိုက်တယ်၊ ငါမင့်ကို လက်ထပ်မှဖြစ်မယ်တဲ့။ အဲ့ဒီစာက ကောင်မလေးဆီ ရောက်မလာပဲ ပျောက်ဆုံးသွားခဲ့တယ်။ ကောင်မလေးဟာ မမျှော်လင့် တော့ပါဘူး။ သူ့ချစ်သူဟာ တစ်ယောက်ယောက်နဲ့ လက်ထပ်လိုက်ပြီလို့ ယူဆတဲ့ပြီး အဆက် အသွယ် မလုပ်တော့ပါ။ တစ်ဖက်ကလည်း တစ်နေ့မှာ လေယာဉ်ပျက်ကျမှုတစ်ခုရဲ့ သတင်းထဲက နာမည်တူ အမျိုးသမီးတစ်ယောက်ရဲ့အလောင်းဟာ ကောင်မလေးရဲ့ပုံပန်းသဏ္ဌာန်နဲ့ ကိုက်ညီနေ ကြောင်း ကောင်လေးဖြစ်သူ ဖတ်လိုက်ရတဲ့အခါ သူမ ၊ေသဆုံးသွားခဲ့ပြီလို့ တစ်ထစ်ချ မှတ်ယူလိုက် သတဲ့။
အဲ့ဒီလိုနဲ့ နှစ်ပေါင်း ၇ဝ ကြာခဲ့တယ်။ နှစ်ပေါင်း၇၀...။
အိုမင်းရင့်ရော်နေတဲ့ အခါကျမှ ယနေ့ခေတ်နည်းပညာရဲ့အကူအညီနဲ့ သူတို့ဟာ ကမ္ဘာ ကြီးရဲ့တစ်နေရာစီမှာ သက်ရှိထင်ရှား ရှိနေကြသေးမှန်း ရှာတွေ့ခဲ့ကြတယ်။ နှစ်ဖက် သားသမီးတွေ ရဲ့ အကူအညီနဲ့ အင်တာနက်မှာ ဗီဒီယိုကောလ် ပြောကြတယ်။ သတင်းထဲမှာ အဲ့ဒီ ဗီဒီယိုကောလ် ခေါ်နေတဲ့ အခိုက်အတန့်လေးကို ပြနေတာ။ အသက် ၉ဝ ကျော် အဘိုးကြီးနဲ့ အသက် ၈ဝ ကျော် အဘွားကြီးဟာ ကွန်ပြူတာ မျက်နာပြင်ကနေ တစ်ဆင့် တစ်ယောက်နဲ့ တစ်ယောက် ငေးလို့...။
အဘိုးကြီးကပြောတယ်၊ “I still dream of you” ကိုယ်မင့်ကိုအိပ်မက်မက်နေတုန်းပဲတဲ့။ အဘွားကြီးက “You do ...” တဲ့၊ အဲ့လိုပြောရင်း ပြုံးနေတယ်။ အဲ့ဒီသတင်းအတိုလေးကို ကြည့်ရင်း ကျနော့်မှာ ပြောမပြတတ်အောင် ကြည်နူးခဲ့ရဖူးတယ်ပေါ့ ။ ။
ပါပီယွန် | ပြူတင်းပေါက်
#ကာပ်ဖီ_poetry
#ရွတ်ဖတ်သူ_သက်ငြိမ်နွေ
#ပြူတင်းပေါက်
#ပါပီယွန်
ဓာတ်ပုံ - David
| Telegram @TNN2021 လို့ရိုက်ရှာပြီး subscribe လုပ်ထားပေးပါဦး