Перейти к содержимому

Khit Thit Evening News | 9 August 2026

Khit Thit Media

0:00 / 0:00

Khit Thit Evening News | 9 August 2026

425 713 просмотров · 1 месяц назад
Khit Thit Media
3,28 млн подписчиков
425 713 просмотров · 1 месяц назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ၊ မှော်ဘီနဲ့ ထောက်ကြန့်မြို့နယ် တွေမှာရှိတဲ့ စစ်တပ်တပ်ရင်းတပ်ဖွဲ့အချို့ရဲ့ တပ်ပိုင်မြေတွေထဲမှာ ပလတ်စတစ်စက်ရုံတွေ၊ ဝေဖာမုန့်ဖို လုပ်ငန်းတွေအပါအဝင် စက်မှုလုပ်ငန်းတွေကို တရားမဝင် တည်ထောင်ခွင့်ပြုထားပြီး လျှပ် စစ်ဓာတ်အား ကို မီတာမတပ်ဆင်ဘဲ ယူနစ်ပေါင်း သန်းချီ ခိုးယူသုံးစွဲနေတယ်လို့ စစ်တပ်သတင်းရင်း မြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ငဘတ်ကြီးစခန်းကနေ ထွက်ခွာလာတဲ့ စစ်တပ် စစ်ကြောင်းကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု များပြားပြီး စစ်ကြောင်းတစ်ကြောင်းလုံး ပျက်စီးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ မန္တလေးမြို့မှာ ၂၀၂၅ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့တဲ့ ရွှေလျှံထက် ရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်ပပမင်း (ခေါ်) မသဲသဲဟာ နိုင်ငံတကာ Forex Trading နဲ့ ရှယ်ယာဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံပေးမယ်ဆိုကာ အတိုးပေးတဲ့ ရှယ်ယာတွေခေါ်ယူပြီး ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်ခဲ့တယ်လို့ ငွေဆုံးရှုံးခဲ့သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ -အီရန်ရဲ့ အမြင့်ဆုံးအမျိုးသားလုံခြုံရေးကောင်စီ က အမေရိကန်အနေနဲ့ "အပြုအမူကို မပြင်မချင်း" ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ဘူးလို့ ပြောလိုက်ပါ တယ်။ အဲဒီပြောဆိုချက်ကြောင့် ဟော်မုဇ် ရေလက်ကြား သင်္ဘောသွားလာရေး စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးပွဲတွေအပေါ် သက်ရောက်မှုရှိ လာနိုင်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။