တရုတ်ခေါက်ဆွဲကြော် Chinese fried noodle
Cook for K1
0:00 / 0:00
တရုတ်ခေါက်ဆွဲကြော် Chinese fried noodle
156 231 просмотр · 4 года назад
Cook for K1
462 тыс. подписчиков
156 231 просмотр · 4 года назад
အချိန်မရွေးစားကောင်းတဲ့ ရိုးရိုးရှင်းရှင်း ခေါက်ဆွဲကြော်လေးပါ။ ထည့်ရမယ့် အရသာ ပမာဏက တော့ မိမိကြော်မယ့် ခေါက်ဆွဲ ပမာဏ ပေါ်မှာ မူတည်ပြီး ချိန်ဆလို့ရပါတယ်…
ကြက်ဥခေါက်ဆွဲအစို ကို ရေဆူဆူထဲမျာ ၅ မိနစ်လောက်ပြုတ်ပါတယ်။ ပြုတ်ပြီးတဲ့အခါ ရေစစ်ပြီး ခေါက်ဆွဲတွေ မကပ်သွားစေဖို့အတွက် နှမ်းဆီ သို့ ဟင်းချက်တဲ့ ဆီအနည်းငယ်ထည့်ပြီးနယ်ထားပေးပါ။ ကြက်ဥ ၁ လုံးကို ခေါက်ထားပေးပါ။
မိမိစိတ်ကြိုက်အသားကို ပါးပါးလေးလှီးထားပါ။ လှီးထားတဲ့ အသားတွေကို အရသာနှပ်ပေးထားပါမယ်။ ဆား ။ အချိုမှုန့် သို့ ကြက်သားမှုန့်။ နှမ်းဆီမွှေး။ ပြောင်းကော်မှုန့် နဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး နှပ်ထားပေးပါ။
ဒယ်အိုးထဲမှာ ဆီထည့်ပြီး နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပေးပါ. မွေးလာရင် ခေါက်ထားတဲ့ ကြက်ဥကို ကြော်ပါမယ်။ အရောင်အနည်းငယ်ပြောင်းတဲ့အထိ ကြော်ပြီးရင် ဒယ်အိုးရဲ့ ဘေးကို ခဏဖယ်ထားပေးပါ။ ပြီးတာနဲ့ အရသာနှပ်ထားတဲ့ ကြက်သားတွေကို ထည့်ပါမယ်။ အသားတွေကို ကြက်အောင် ကြော်ပေးပါမယ်. ကော်မှုန့် ထည့်ပြီးနယ်ထားတဲ့အတွက် ကြက်သားထဲက ရေဓာတ်တွေ မထွက်သွားတာကြောင့်င့် ကြက်သားတွေက မာမသွားဘဲ နူးညံ့ပါတယ်။ ကြက်သားတွေကြက်သွားရင် ဘေးနားမှာ ဖယ်ထားတဲ့ ကြက်ဥနဲ့ ရောပြီး ထပ်ကြော်ပေးပါ။ ပြီးရင် မိမိစိတ်ကြိုက် အသီးအရွက်တွေထည့်ပြီး ကြော် လို့ရပါပြီ။ ကျွန်တော်က မုန်လာဥနီ ။ ပန်းဂေါ်ဖီနဲ့ ဂေါ်ဖီ ထည့်ပါတယ်. အသီးအရွက်က ၃ မျိုးလောက်ဆိုရင် အဆင်ပြေပြီဖြစ်ပါတယ်။ အရွက်တွေကို ဆီနဲ့ ခဏကြော်ပြီးရင် ပဲငံပြာရည်အကြည်။ ခရုဆီ။ ၁ ဇွန်းဆီ။ ပဲငံပြာရည်အပျစ် အနည်းငယ်။ ဆား နဲ့ ကြက်သားမှုန့် သို့ သကြားအနည်းငယ်ငယ်ထည့်မယ်။ အသီးအရွက်တွေ နူးဖို့အတွက် ရေအနည်းငယ်ထည့်ပြီး ခဏတည်ထားပါ။ ပြီးမှ ပြုတ်ထားတဲ့ ခေါက်ဆွဲတွေထည့်ပြီးပြီး အရောင် အတွက် ပဲငံပြာရည်အပျစ် အနည်း ငယ်ထည့်ပြီး ခဏလောက်မွှေပေးပါ။
ဆိုင်တွေမှာလို ကြက်ပြုတ်ရည် အနည်းငယ်ထည့်ပြီး မွှေပေးရင်တော့ အရသာပိုမှာဖြစ်ပါတယ်။. နောက်ဆုံးမှာ ကြက်သွန်မြိတ်အပေါ်ကနေ အုပ်ပေးပါ။ ဒါဆိုရင်တော့ ရိုးရိုးရှင်းရှင်း တရုတ်ခေါက်ဆွဲကြော်လေး သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ….