Перейти к содержимому

ကျွဲရုပ်ချိုးခြင်း

Myanmar4you

0:00 / 0:00

ကျွဲရုပ်ချိုးခြင်း

184 240 просмотров · 7 лет назад
Myanmar4you
244 тыс. подписчиков
184 240 просмотров · 7 лет назад
မြန်မာနိုင်ငံတစ်ဝှန်းတွင် ဒေသအလိုက် အရုပ်ချိုးတဲ့ ပညာရပ်များရှိပါတယ်။ ဥပမာ - ကျောက်ဆည်တွင် ဆင်ရုပ်ချိုးကာ ဆင်အက ကသည် ဓလေ့ရှိပါတယ်။ ဒေသအလိုက် ကထိန်ရာသီတွင် အရုပ်အမျိုးမျိုးချိုးက အက ကပြကာ အလှူခံလေ့လည်း ရှိပါတယ်။ ဧရာဝတီတိုင်းအချို့ဒေသများတွင် ကထိန်ရာသီတွင် ကျွဲရုပ်ချိုးကာ ကျွဲအလှ ကပြကြပါတယ်။ ကထိန်အတွက် အလှူခံထွက်ကြရာမှာလည်း ကျွဲရုပ်ကို လူနှစ်ဦးဝင်ပြီး အိုးစည်တီးကာ ကပြကြပါတယ်။ ကထိန်ပွဲတော်တွင် အနယ်အရပ်ရပ်က ကျွဲများစုပေါင်းကာ ကျွဲအက ကပြကြပြီး ဘုန်းတော်ကြီးကျောင်းသို့ ပဒေသာပင်များပို့ကြလေ့ရှိပါတယ်။ ထိုကျွဲရုပ်ကို မည်သို့ ပြုလုပ်ကြသလဲဆိုတာကို ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ဇောင်းတန်းကျေးရွာက ကျွဲရုပ်ချိုး ပညာရှင် ဦးကျော်စိုးကို သွားရောက် မေးမြန်း ရိုက်ကူးထားပါတယ်။ #myanmar #myanmar4you