အသက် ၂၂ နှစ်နဲ့ စစ်လက်နက်တွေ ရောင်းပြီး ဒေါ်လာသန်းချီ ချမ်းသာလာတဲ့ လူငယ် ၂ ယောက်
Myanmar Emperors
0:00 / 0:00
အသက် ၂၂ နှစ်နဲ့ စစ်လက်နက်တွေ ရောင်းပြီး ဒေါ်လာသန်းချီ ချမ်းသာလာတဲ့ လူငယ် ၂ ယောက်
374 просмотра · 5 дней назад
Myanmar Emperors
105 подписчиков
374 просмотра · 5 дней назад
အသက် ၂၂ နှစ်အရွယ် David Packouz ဟာ Miami မှာ အကြောပြင်နှိပ်နယ်ပေးသူအဖြစ် အသက်မွေးနေတဲ့ သာမန်လူငယ်တစ်ယောက်ပါ။ ဘဝမှာ အလုပ်အကိုင်အဆင်မပြေမှုတွေနဲ့ ရုန်းကန်နေရင်း ကျောင်းနေဘက်သူငယ်ချင်းဟောင်း Efraim Diveroli နဲ့ မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။
Efraim ကတော့ အမေရိကန်အစိုးရနဲ့ စစ်ရေးကန်ထရိုက်တွေ လုပ်ကိုင်နေတဲ့ လက်နက်ရောင်းဝယ်ရေးသမားတစ်ယောက် ဖြစ်နေပါပြီ။ သူ့ရဲ့ စီးပွားရေးထဲ David ပါဝင်လာပြီး အစိုးရရဲ့ တင်ဒါအသေးစားတွေကို လိုက်လံရယူရင်း သူတို့နှစ်ယောက်ဟာ မယုံနိုင်လောက်အောင် အမြတ်အစွန်းတွေ ရရှိလာကြပါတယ်။
ဒါပေမဲ့ အီရတ်အတွက် လက်နက်ပို့ဆောင်ရတဲ့ အန္တရာယ်များတဲ့ ခရီးစဉ်တစ်ခု၊ အယ်လ်ဘေးနီးယားကနေ ကျည်ဆန်သန်းပေါင်းများစွာ ဝယ်ယူရတဲ့ အကြီးစားကန်ထရိုက်တစ်ခုနဲ့အတူ သူတို့ရဲ့ လုပ်ငန်းဟာ တဖြည်းဖြည်း တရားမဝင်တဲ့ လမ်းကြောင်းတွေဆီ ရောက်ရှိလာပါတော့တယ်။