Перейти к содержимому

ခရင်မ်ရိုက်နည်း ၄ မျိုး။ 3 Butter Creams and Swiss Meringue

taste window

0:00 / 0:00

ခရင်မ်ရိုက်နည်း ၄ မျိုး။ 3 Butter Creams and Swiss Meringue

80 482 просмотра · 3 года назад
taste window
117 тыс. подписчиков
80 482 просмотра · 3 года назад
3 Butter Creams and Swiss Meringue ခရင်မ်ရိုက်နည်း (၄ )နည်း အရောင် ၊ အရသာထည့်ထားတဲ့ ခရင်မ်အမျိုးမျိုးကို ကိတ်မုန့်အလှဆင်တဲ့အခါ သုံးကြပါတယ်။ ခရင်မ်အမျိုးမျိုး လုပ်ပုံလုပ်နည်းတွေရှိပါတယ်။ တော့ပင်းခရင်မ်(Topping Cream) ၊ ဝှစ်ပင်းခရင်မ်( Whipping Cream) ၊ ဟဲဗီးခရင်မ်( Heavy Cream) တွေကတော့ သိကြပြီးဖြစ်ပါလိမ့်မယ်။ ဇလုံတစ်ခုထဲထည့်၊ မွှေစက်နဲ့ မွှေလိုက်ရင်ရပါပြီ။ ဒါပေမဲ့ ရလာတဲ့ခရင်မ်က အရသာမထူးခြားသလို၊ အခန်းအပူချိန်မှာ မတည်ငြိမ် ပါဘူး။ အခုကတော့ ဘာတာခရင်မ် (Buttercream )နဲ့ ပတ်သက်ပြီးတော့ လုပ်ပြမှာ ဖြစ်ပါတယ်။ ဘာတာခရင်မ် ရိုက်တဲ့ခါ နိုင်ငံတကာပုံစံအမျိုးမျိုးနဲ့ ရိုက်တာရှိပါတယ်။ အီတလီဘာတာခရင်မ်( Italian Buttercream), ဆွိစ်ဘာတာခရင်မ် (Swiss Buttercream), ပြင်သစ်(French Buttercream), ဂျာမဏီ (German Buttercream), အမေရိကန် (American Buttercream) စတဲ့ဒီလိုနာမည်ကြီးတာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ လက်ရှိလူသုံးများတာက အီတလီ ဘာတာခရင်မ် သုံးတယ်။ ဆွစ်မရိန်းဘာတာခရင်မ် သုံးတယ်။ နောက်တစ်ခုက အမေရိကန်ဘာတာခရင်မ် အသုံးများကြတယ်။ ဒါကြောင့်မို့ အခု အီတလီဘာတာခရင်မ် အပါအဝင် ဘာတာခရင်မ် (၄) မျိုးလုပ်နည်းများကို ပြသပေးမှာဖြစ်ပါတယ်။ ဘာတာခရင်မ်က စိတ်ကူးရှိသလောက်ဆန်းသစ်နိုင်ပြီး အခန်းအပူချိန်မှာ တည်ငြိမ်ပြီး ရေခဲသတ္တောထဲသိမ်းထားမယ်ဆို လနဲ့ချီ အကြာကြီးသိမ်းထားနိုင်ပါတယ်။ ကဲ စာဖိုမှူးကြီး စောဆာမူလား လုပ်ပြထားတဲ့ ခရင်ရိုက်နည်း (၄) နည်းကြည့်လိုက်ကြရအောင်။