သမ္မာတရား ၌ ရပ်တည်ခြင်း -Saya Ko Htwe
Bethlehem Christian Family Fellowship
0:00 / 0:00
သမ္မာတရား ၌ ရပ်တည်ခြင်း -Saya Ko Htwe
4 107 просмотров · 1 год назад
Bethlehem Christian Family Fellowship
1,7 тыс. подписчиков
4 107 просмотров · 1 год назад
“အကြောင်းမူကား၊ နားမထောင်ဘဲ အချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြားတတ်သောသူအများ ရှိကြ၏။ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်လည်း အထူးသဖြင့်ရှိကြ၏။- ထိုသူတို့၏နှုတ်ကို ပိတ်ရမည်။ သူတို့သည် မစင်ကြယ်သော စီးပွားကိုတပ်မက်လျက်၊ မပေးအပ်သော ဩဝါဒကိုပေး၍၊ တစ်အိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ၏။- သူတို့အပါအဝင်၊ အမျိုးသားချင်းပရောဖက် ဆရာတစ်ယောက်က၊ ကရက်သားမြဲ၊ မုသားစွဲလမ်း၊ သားရဲကြမ်းကြုတ်၊ စားကြူးတုတ်တုတ်၊ လူယုတ်ပေဟု စပ်ဆိုသတည်း။- ၁၃-၁၄ဤသက်သေ မှန်၏။ ထိုကြောင့်၊ သူတို့သည် ယုဒဒဏ္ဏာရီစကားကိုလည်းကောင်း၊ သမ္မာတရားကိုစွန့်သော လူတို့၏ ပညတ်တို့ကိုလည်းကောင်း၊ အမှုမထားဘဲ ယုံကြည်ခြင်းအမှု၌ စင်ကြယ်စေခြင်းငှာ၊
သူတို့ကို ကျပ်တည်းစွာ ဆုံးမပြစ်တင်လော့။- စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏။ မစင်ကြယ်၊ မယုံကြည်သောသူတို့အား အဘယ်အရာမျှ မစင်ကြယ်။ သူတို့၏ နှလုံးလည်း မစင်ကြယ်။ ကိုယ်ကိုကိုယ်သိသောစိတ် လည်းမစင်ကြယ်။-သူတို့သည် ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း၊ အကျင့်အားဖြင့်ဘုရားသခင်ကို ငြင်းပယ်ကြ၏။ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ နားမထောင်သောသူ၊ ကောင်းသောအမှုတစ်ခုကိုမျှ ပြုတတ်သောဉာဏ် မရှိသောသူဖြစ်ကြ၏။”
တိတု 1:10-16 JBMLE