Перейти к содержимому

သူငယ်ချင်းပြောပြတဲ့အောက်စဖို့ဒ်က စု - BBC NEWS မြန်မာ

BBC News မြန်မာ

0:00 / 0:00

သူငယ်ချင်းပြောပြတဲ့အောက်စဖို့ဒ်က စု - BBC NEWS မြန်မာ

655 057 просмотров · 1 год назад
BBC News မြန်မာ
2,77 млн подписчиков
655 057 просмотров · 1 год назад
“သူက သိပ်စိတ်ခိုင်မာတာ၊ လုပ်မယ်ဆို ဖြစ်အောင်လုပ်တယ်။ ကျွန်မ သတိအထားမိဆုံးက သူ့ရဲ့ ဖြောင့်မတ်တဲ့ ကျင့်ဝတ်နဲ့ စိတ်ဓာတ်ပဲ။ သူ့နိုင်ငံအတွက် တာဝန်ရှိတယ်၊ တစ်ခုခု လုပ်ပေးရမယ် ဆိုတဲ့ သဘောထား အမြဲရှိခဲ့တယ်။” ဒေါက်တာ အန်းပက်စတာနက် စလိတ်တာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အသက် ၂၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ယူကေနိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က စိန့်ဟျူးကောလိပ်မှာ ပညာသင်ဖို့ရောက်လာပါတယ်။ အဲဒီ ကျောင်းသူဘဝနှစ်ပိုင်းတွေမှာ အခင်မင်ဆုံး အတွဲဖြစ်ဆုံးသူတစ်ယောက်က အန်းပက်စတာနက် စလိတ်တာပါ။ အန်းက စုထက် တစ်နှစ်ကြီးပါတယ်။ ဘွဲ့တွေရ ကျောင်းတွေပြီးလို့ အိမ်ထောင် ထူထောင်ကြတော့လည်း သူတို့နှစ်ယောက် အောက်စဖို့ဒ်မြို့မှာပဲ အတူနေကြပြီး မိသားစုချင်းပါ ဆက်ခင်မင်ရင်းနှီးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ပြန်ရောက်၊ ကမ္ဘာသိနိုင်ငံရေးခေါင်းဆောင် ဖြစ်လာချိန်မှာ အန်း ကတော့ အောက်စဖို့ဒ်မှာပဲ ဒေါက်တာာဘွဲ့ရလို့ တက္ကသိုလ်ဆရာမ၊ ဘာသာပြန်စာရေးဆရာ ဖြစ်လာပါတယ်။ ၂၀၁၇ နဲ့ ၂၀၁၉ တွေမှာ မြန်မာပြည်မှာလုပ်တဲ့ ဧရာဝတီစာပေပွဲတော်ကို ဖိတ်ကြားခံရပြီး သူငယ်ချင်းဖြစ်သူ ‘စု’ နဲ့လည်း ပြန်ဆုံခဲ့ကြပါတယ်။ ငယ်သူငယ်ချင်း စု အခုလို အချုပ်အနှောင်ခံနေရတာအတွက် အန်း က စိတ်ထိခိုက်သလို ၂၀၁၇ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အနောက်နိုင်ငံတွေရဲ့ ဆက်ဆံပုံတွေကိုလည်း သူက ပြစ်တင်ဝေဖန်ပါတယ်။ သူငယ်ချင်း စုရဲ့ မွေးနေ့မှာ ဆုတောင်းစကားပြောကြားရင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောက်စဖို့ဒ်က ဘဝအကြောင်း အန်းက ပြန်ပြောင်းပြောပြထားပါတယ်။ တွေ့ဆုံမေးမြန်း - မင်းထက် ရိုက်ကူး/တည်းဖြတ် - ကျော်ဇေယျ #ဘီဘီစီမြန်မာပိုင်း #ဒေါ်အောင်ဆန်းစုကြည် #မြန်မာ #အောက်စဖို့ဒ် #အန်းပက်စတာနက်စလိတ်တာ