ငြိမ်းချမ်းရေးတွင် ပြည်သူများ ဘယ်နေရာက ဝင်ပါရမှန်း မသိဖြစ်နေ
CNI TV Channel
0:00 / 0:00
ငြိမ်းချမ်းရေးတွင် ပြည်သူများ ဘယ်နေရာက ဝင်ပါရမှန်း မသိဖြစ်နေ
142 просмотра · 2 ч назад
CNI TV Channel
403 тыс. подписчиков
142 просмотра · 2 ч назад
ငြိမ်းချမ်းရေးတွင် ပြည်သူများ ဘယ်နေရာက ဝင်ပါရမှန်း မသိဖြစ်နေ
CNI News
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၀
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် မည်သည့်ကိစ္စကို ညှိနှိုင်းခဲ့ပါသည်ဟု နှစ်ဖက်စလုံးက ထုတ်ဖော်ပြောကြားခြင်း မရှိသည့်အတွက် ပြည်သူများ၊ နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများသည် မည်သည့်နေရာကနေ ဝင်ထိုင်ပေး ရမည်ကို မသိဘဲဖြစ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဆုံးဖြတ်ချက် ချနိုင်တဲ့သူတွေ တိုက်ရိုက် မတွေ့နိုင်တာက အဓိက ပြဿနာလို ဖြစ်နေတာ။ ဟိုဘက်ကလည်း လက်အောက်ခံ လွှတ်လိုက်တယ်၊ ဒီဘက်ကလည်း တဆင့်စကား ပြန်ပြောရတယ်ဆိုတဲ့ အခြေအနေဆိုရင်တော့ နောက်တစ်ပွဲ နောက်တစ်ပွဲ ချိန်းနေရတာပေါ့။ တစ်ပွဲတွေ့ပြီးလို့ တစ်ပွဲ အဖြေမထုတ်နိုင်ဘူး ဖြစ်နေတာပေါ့။ ပြီးတော့ နှစ်ဖက်က ထုတ်ဖော် ပြောကြားတာကနည်းတယ်လေ အဖွဲ့တွေ က NSPNC ဘက်ကလည်း သဘောထား ထုတ်ပြန်ကြေညာတာတို့၊ ဟိုဘက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကလည်း ဘယ်နေ့ကလည်း NSPNC နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးပြီ ဒီတွေ့ဆုံဆွေးနွေးမှုကနေ ဘာကိစ္စတွေကို ညှိနှိုင်း ခဲ့ပါတယ်လို့ နှစ်ဖက်လုံးက ထုတ်ဖော်ပြောကြားတာ မရှိဘူး။ မရှိတော့ ကျနော်တို့က ခန့်မှန်းနဲ့ ဆုံးဖြတ် ဆွေးနွေး နေရသလို ဖြစ်နေတာ။ ကျန်တဲ့ ပြည်သူရော၊ နိုင်ငံရေးသမားရော၊ နိုင်ငံရေးပါတီကရော ဘယ်နေရာက ဝင်ထိုင် ပေးရမယ် မသိဘူးပေါ့နော်။ အဲဒါက နှစ်ဖက်စလုံးက ထုတ်ပြန်ကြေညာမှုကို ဘယ်လို သဘောတူထားလို့ မထုတ် ပြန်တာလဲ ကျနော်တို့ မသိဘူး”ဟု ပြောသည်။
Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/political-2/po...
#ဒေါက်တာကျော်ဆွေ #ဦးထက်အောင်ကျော် #ပြည်သူလူထု #နိုင်ငံရေးပါတီ #ငြိမ်းချမ်းရေး #နိုင်ငံရေး #CNImyanmar
CNI Facebook Link--------https://www.facebook.com/profile.php?...
CNI Telegram Channel-----https://t.me/ChannelNewsIndependent
CNI Tiktok Link----https://www.tiktok.com/@cni720?lang=en
CNI Twitter Link----- / channelnewsind1