Перейти к содержимому

khit Thit Afternoon News | 24 September 2026

Khit Thit Media

0:00 / 0:00

khit Thit Afternoon News | 24 September 2026

352 150 просмотров · 18 часов назад
Khit Thit Media
3,29 млн подписчиков
352 150 просмотров · 18 часов назад
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အမေရိကန် TIME မဂ္ဂဇင်းက မင်းအောင်လှိုင်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကို သူပြောတဲ့အတိုင်း မထုတ်လွှင့်လို့ဆိုပြီး မင်းအောင်လှိုင် ဒေါသတကြီးတုံ့ပြန်လာသလို ၊ အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် သူတို့ စစ်တပ်ငွေတွေ သုံးမရတော့ဘဲ ထိခိုက်မှုရှိနေတယ်လို့ မင်းအောင်လှိုင်က ရှင်း လင်းပြောဆိုခဲ့ပါတယ်။ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ အုပ်ချုပ်ရေးမှုးတွေက ရေဘေးသင့် ပြည်သူတွေဆီကနေ စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ကို ကျပ် ၃ သောင်းနှုန်း အတင်းအကျပ် ကောက်ခံနေပြန်တယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။ မြန်မာ့ပြည်တွင်းစစ်အခြေအနေကြားမှာ ရေကြီးမှုတွေ ၊ အစားအစာရှားပါးမှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ ကူးစက်ရောဂါတွေကြောင့် လူသားချင်းစာနာမှုအကျပ်အတည်း ပိုမိုဆိုးရွားလာနေတယ်လို့ ကုလသမဂ္ဂက ပြောလာပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ရှိ အီရန်အစိုးရဟာ အီရန်ပြည်သူတွေနဲ့ အမေရိကန်နိုင်ငံသားတွေကို သတ်ပြီးအကြမ်းဖက် လုပ်နေတာဖြစ်တဲ့အတွက် အမေရိကန်က တိုက်ပွဲဝင်နေရတာလို့ အိမ်ဖြူတော်မှာ ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။