Перейти к содержимому

ရန်ကုန်မှာ အိမ်ဆောက်ပစ္စည်းဆိုင်ရှင် ဓားခုတ်ခံရပြီး သေဆုံး | People's Spring

People's Spring

0:00 / 0:00

ရန်ကုန်မှာ အိမ်ဆောက်ပစ္စည်းဆိုင်ရှင် ဓားခုတ်ခံရပြီး သေဆုံး | People's Spring

20 415 просмотров · 8 часов назад
People's Spring
703 тыс. подписчиков
20 415 просмотров · 8 часов назад
ရန်ကုန်မှာ အိမ်ဆောက်ပစ္စည်းဆိုင်ရှင် ဓားခုတ်ခံရပြီး သေဆုံး အောက်တိုဘာ-၆၊ ၂၀၂၆။ People's Spring ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် (၄၂) ရပ်ကွက် ဦးဝိစာရလမ်းပေါ်က အိမ်ဆောက်ပစ္စည်းဆိုင်မှာ အောက်တိုဘာ ၅ရက်နေ့က အမျိုးသားသုံးဦးဝင်ရောက်လာပြီး ဓားနဲ့ခုတ်တာကြောင့် ဆိုင်ရှင်အမျိုးသား​ သေဆုံးသွားတယ်လို့​ ဒေသခံ​တွေက​ ပြောပါတယ်။ အောက်တိုဘာ ၅ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ဦးဝိစာရလမ်းပေါ်က နေအိမ်နဲ့တွဲဖွင့်ထားတဲ့ အိမ်ဆောက်ပစ္စည်းဆိုင်ထဲကို အမျိုးသားသုံးဦးဝင်ရောက်လာပြီးနောက် ဓားခုတ်မှုဖြစ်ခဲ့တာပါ။ အမျိုးသားသုံးဦးထဲက တစ်ဦးက ဆိုင်အပေါက်ဝမှာ ရပ်နေပြီး ကျန်တဲ့ နှစ်ဦးက ဆိုင်ရှင်အမျိုးသားကို ဓားနဲ့ခုတ်တာလို့ ​မြောက်ဒဂုံအ​ခြေစိုက်လူမှုကူညီရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ ဓားခုတ်ခံရသူရဲ့ ဇနီး ဆိုင်ရှင်အမျိုးသမီးကိုလည်း လက်သီးနဲ့ထိုးသွားတယ်လို့ လူမှုကူညီရေးလုပ်ကိုင်နေသူက ရှင်းပြပါတယ်။ ဆိုင်ရှင်ဇနီး အပြင်က ရောက်ရှိလာချိန် အိမ်ပေါက်ဝမှာ စောင့်နေတဲ့အမျိုးသားက ထိုးပြီး ချုပ်ခဲ့ပေမယ့် ရုန်းထွက်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့တာကြောင့် အနုကြမ်းဝင်စီးတဲ့သူ သုံးဦးစလုံးထွက်ပြေးသွားတယ်လို့ ​ဒေသခံအချို့က​ ပြောပါတယ်။ ဓားနဲ့ခုတ်ခံရသူ ဆိုင်ရှင်အမျိုးသားဟာ ဘယ်ဘက်လည်ပင်း၊ ဘယ်ဘက်ပါးစောင်၊ ဂုတ်၊ ကျောပြင်၊ ဘယ်ဘက်လက်ချောင်းနဲ့ညာဘက်လက်မောင်းတွေမှာ ဓားဒဏ်ရာတွေရရှိခဲ့ပြီး မြောက်ဥက္ကလာဆေးရုံကြီးဆီ ပို့ဆောင်ရာမှာ ဆေးရုံရောက်ပြီး ငါးမိနစ်အကြာမှာပဲ သေဆုံးသွားတယ်လို့ ဝန်းရံမှုးလူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။ ဓားနဲ့ခုတ်သွားတဲ့အမျိုးသားတွေကိုတော့ စစ်တပ်က မနေ့က ညပိုင်းအထိ ဖမ်းမိတာမရှိသေးဘူးလို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အ​ထွေ​ထွေကုန်ဈေးနှုန်း​တွေ မြင့်တက်လာပြီး ကျပ်တည်းလာတာ၊ အလုပ်အကိုင်​တွေရှားပါးတာအပြင် တရားဥပ​ဒေစိုးမိုးမှုမရှိ​တော့တာကြောင့် လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ခိုးယူလုယက်မှုတွေက ရန်ကုန်လို မြို့ကြီးတွေနဲ့ မြို့အများအပြားမှာ ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် လူမိုက်​​တွေကို စစ်တပ်နဲ့ ရဲ​တွေက ပျူ​စောထီး၊ သတင်း​ပေးတွေအဖြစ် လက်သပ်မွေးတဲ့အပြင် ရပ်​ကျေးအုပ်ချုပ်​ရေး​ပိုင်းမှာပါ တာဝန်​ပေး​​နေတာတွေ ရှိတာကြောင့် လက်သည်မပေါ်တဲ့ရာဇဝတ်မှုတွေ များပြားလာတယ်လို့လည်း ပြည်သူတွေက ပြောပါတယ်။ ===== ကျောက်ဖြူ တောင်မော်ဦးအနီး တိုက်ပွဲပြင်းထန် အောက်တိုဘာ-၆၊ ၂၀၂၆။ People's Spring ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လက်နက်ချသူအချို့ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ တောင်မော်ဦးရေတပ်စခန်းရဲ့ကာကင်းတွေရှိရာ အ၀တောင်ဝန်းကျင်က စခန်းတွေကို အာရက္ခတပ်​တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ အခုရက်ပိုင်းတိုက်ပွဲအတွင်း လက်နက်ချသူ ၄ ဦးရှိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ တိုက်ပွဲတော်တော်ပြင်းထန်နေပြီး စစ်တပ်ရဲ့ တပ်ကြပ်ကြီးအပါအဝင် ၄ဦး ဖမ်းမိရထားတယ်လို့ AAနဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က ကျောက်ဖြူမြို့ပေါ် တပ်ရင်းတွေကနေ တောင်မော်ဦးရေတပ်စခန်းဆီ စစ်သင်္ဘော နှစ်စီးနဲ့ အင်အားဖြည့်နေသလို တောင်မော်ဦးရေတပ်စခန်းက စစ်တပ်အရာရှိတွေကိုလည်း မြို့ပေါ်ပို့နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ တိုက်ပွဲအတွင်းအထိနာနေတဲ့ စစ်တပ်ဟာ တိုက်လေယာဉ်၊ ထောက်ပို့လေယာဉ် Y12 တို့နဲ့ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲနေပြီး သံဇစ်မြစ်ပေါ်က စစ်သင်္ဘောတွေကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်လေယာဉ် ဗုံးမကြဲတဲ့နေ့ မရှိဘဲ စနဲနားက ရွာတွေဆို ထောင်းထောင်းကြေနေလောက်ပြီလို့ ကျောက်ဖြူဒေသခံ လူမှုကူညီရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က တောင်မော်ဦးရေတပ်စခန်းအနီး အ၀တောင်စခန်းကနေ ရှေ့တိုး ထိုးစင်ဆင်ဖို့ ကြိုးစားလာခဲ့ပြီး အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်​ကြောင်းပြန်ဆုတ်သွားရပါတယ်။ အဲဒီနောက်ထပ်မံအင်အားဖြည့်ပြီး စစ်ကြောင်းထိုးခဲ့ပေမယ့်လည်း စစ်တပ်ဘက်က တပ်စခန်းငယ်တစ်ခု လက်လွှတ်ခဲ့ရပါတယ်။ ကျောက်ဖြူအပြင် စစ်တွေမြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အထိနာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA