Перейти к содержимому

Khit Thit Evening News | 5 September 2026

Khit Thit Media

0:00 / 0:00

Khit Thit Evening News | 5 September 2026

357 659 просмотров · 7 часов назад
Khit Thit Media
3,27 млн подписчиков
357 659 просмотров · 7 часов назад
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေးကျဆင်းမှုတွေနဲ့ ပြည်သူတွေ အကြပ်အတည်း မျိုးစုံကြုံတွေ့နေရတဲ့အချိန်ဗီယက်နမ်နိုင်ငံ ခရီးစဉ်လိုက်ပါသွားတဲ့ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ မိန်းမ ကြူကြူလှကတော့ ငွေရှိတိုင်း ဝယ်မရဘဲ စောင့်ဆိုင်းစာရင်းပေးဝယ်ယူရတဲ့ တန်ဖိုးကြီး Hermès Birkin လက်ကိုင်အိတ်ကိုကိုင်ဆောင်ထားတာတွေ့ရတယ်လို့ ရန်ကုန်ခေတ်သစ် သတင်းရင်းမြစ်က ပြောလာပါတယ်။ ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ စစ်တပ်ရဲ့ စစ်သေဘာ်တွေ အကြီးအကျယ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ ဝင် အယောက် ၁၉၀ KIA ပူပေါင်းတပ်တွေဆီမှာ အလံဖြူထောင် လက်နက်ချသွား ပြီးနောက် စစ်တပ်က မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘော အစီး ၂၀ ကျော် ရွှေကူဘက်ကို ထပ်မံစေ လွတ်လိုက်ပြီး ဗန်းမော်ဘက်ကိုဆက်တက်သွားတဲ့ လက်ကျန် စစ်သဘော် ၃ စီးလည်း KIA ပူးပေါင်းတပ်တွေရဲ့ ထပ်မံတိုက်ခိုက်မှု ခံထားရပြန်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်ကို ပြောလာပါတယ်။ အကြမ်းဖက် မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော်အမတ် အနုဆွန် ဟာ မြန်မာပြည်သူ တွေဆီက ထောက်ခံစာများစွာ ရရှိထားတယ်လို့ သိရပါတယ်။ အီရန်ရဲ့ နူကလီးယား အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြဖို့ အမေရိကန်နဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့က နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA ဘုတ်အဖွဲ့ဝင် နိုင်ငံတွေကို ဖိအားပေးနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။