ပို့ချစဉ်-၂ #အဘိဓမ္မာ (ပထမဆင့်) စိတ်ပိုင်း-၂ (ပရမတ္ထတရား ၄ ပါးအကြောင်း)
Ven. Kusalalankara
0:00 / 0:00
ပို့ချစဉ်-၂ #အဘိဓမ္မာ (ပထမဆင့်) စိတ်ပိုင်း-၂ (ပရမတ္ထတရား ၄ ပါးအကြောင်း)
5 359 просмотров · 3 года назад
Ven. Kusalalankara
33,1 тыс. подписчиков
5 359 просмотров · 3 года назад
ပရမတ္ထတရား ၄ ပါး
၁။ စိတ် = အာရုံကိုသိတတ်သော သဘောတရား။ (အကျဉ်း ၈၉ ပါး၊ အကျယ် ၁၂၁ ပါး)
၂။ စေတသိက် = စိတ်၌မှီ၍ စိတ်ကို ချယ်လှယ်တတ်သော သဘောတရား။ (၅၂ ပါး)
၃။ ရုပ် = အအေး အပူစသော ဆန့်ကျင့်ဘက် အကြောင်းများကြောင့် ရှေ့ရုပ်အစဉ်နှင့် နောက်ရုပ်အစဉ် မတူအောင် ပြောင်းလဲဖောက်ပြန်တတ်သော သဘောတရား။ (၂၈ ပါး)
၄။ နိဗ္ဗာန် = တဏှာကုန်ခန်းခြင်းသဘော၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်း သဘောတရား။ (၁ ပါး)
ဆောင်ပုဒ် = စိတ် စေတသိက် ရုပ် နိဗ်လေးရပ် ပရမတ်။
ပရမတ္ထ ဟူသည်- (ပရမ+အတ္ထ)
ပရမ-မြတ်သော, အချုပ်ပဓာနဖြစ်သော + အတ္ထ-အနက် (အထည်အကိုယ်, သဘောတရား)
၁။ မိမိတို့၏ ဆိုင်ရာသဘောလက္ခဏာများမှ မဖောက်မပြန် မှန်ကန်တည့်မတ်, မြတ်သော သဘောတရားသည် ပရမတ္ထမည်၏။
ဆောင်ပုဒ် = မဖောက်မပြန် မှန်ကန်တည့်မတ် ဂုဏ်သကတ် အမြတ်ဟူ၍ခေါ်။
၂။ လူ နတ် ဗြဟ္မာ သတ္တဝါအထွေထွေ၊ ရေ မြေ တော တောင် စသည်ဖြင့် အထည်၀တ္ထု ပညတ်စုတွေ မည်မျှပင် များနေသော်လည်း လိုရင်းအချုပ် အသားတင်ကို စစ်ထုတ် လိုက်လျင် စိတ်-စေတသိတ်-ရုပ်-နိဗ္ဗာန်မှတစ်ပါး အခြားရှာမရ။ ထို့ကြောင့် အချုပ်ပဓာန အားဖြင့် ထင်ရှားရှိသော စိတ်-စသော တရားလေးပါးသည် ပရမတ္ထမည်၏။
ဆောင်ပုဒ် = အထည်၀တ္ထု ပညတ်စုတွေ များပလေလည်း အခြေအမြစ် စိစစ်ထုတ်က အချုပ်ပဓာန တစ်နည်းပြ ပရမဟုခေါ်။