တစ်ပတ်တာအတွက် မိုးလေဝသခန့်မှန်းချက်
CJ Platform
0:00 / 0:00
တစ်ပတ်တာအတွက် မိုးလေဝသခန့်မှန်းချက်
36 791 просмотр · 19 часов назад
CJ Platform
133 тыс. подписчиков
36 791 просмотр · 19 часов назад
တစ်ပတ်တာအတွက် မိုးလေဝသခန့်မှန်းချက်
ဒေသ(၆)ခုကလွဲပြီး မိုးနည်းသွားနိုင်
CJ Platform
CJ Platform က အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက်ပေးနေတဲ့ တစ်ပတ်တာအတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။
ဒီကနေ့ စက်တင်ဘာ (၆) ရက်ကနေ စက်တင်ဘာ (၁၂) ရက်နေ့အထိ တစ်ပတ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ အခြေအနေတွေကတော့ အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ သီတင်းနှစ်ပတ်စာ ခန့်မှန်းထားတဲ့ ထုတ်ပြန်ချက်အရ အယ်လ်နီညို (El Niño) အခြေအနေဟာ အားအသင့်အတင့်မှာ ရှိနေပြီး မုတ်သုံကာလအတွင်း ဆက်လက် မြင့်တက်နိုင်မှာ ဖြစ်ပါတယ်။
အိန္ဒိယသမုဒ္ဒရာရဲ့ ဒိုင်ပိုဖြစ်တဲ့ အိန္ဒိယနီညို (IOD) ကလည်း အခုစက်တင်ဘာလအတွင်းမှာပဲ ကြားနေအဆင့်ဖြစ်တဲ့ ပုံမှန်အခြေအနေကနေ မြင့်တက်ကာ Positive IOD အဖြစ်ကို ရောက်ရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို အယ်လ်နီညိုနဲ့ အိန္ဒိယသမုဒ္ဒရာဒိုင်ပို (IOD) ပေါင်းစပ်မှုတွေကြောင့် အရှေ့တောင်အာရှ ဒေသတွေမှာ တိမ်ဖြစ်ထွန်းမှု နည်းပါးစေပြီး လေထု မတည်ငြိမ်မှုတွေကို ကြုံတွေ့ရနိုင်မှာ ဖြစ်ပါတယ်။
#CJPlatform #မိုးလေဝသ #ရေကြီးရေလျှံသတိပေးချက် #မြေပြိုမှုသတိပေးချက် #မိုးတိမ်တောင်သတိပေးချက်