စစ်တပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်နေရာ နှစ်ခု AA ထပ်မံသိမ်းပိုက် | People's Spring
People's Spring
0:00 / 0:00
စစ်တပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်နေရာ နှစ်ခု AA ထပ်မံသိမ်းပိုက် | People's Spring
32 333 просмотра · 6 ч назад
People's Spring
698 тыс. подписчиков
32 333 просмотра · 6 ч назад
စစ်တပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်နေရာ နှစ်ခု AA ထပ်မံသိမ်းပိုက်
စက်တင်ဘာ-၁၉၊ ၂၀၂၆။ People's Spring
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်း အာရက္ခတပ်တော်(AA)က အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတွေကို ဆက်တိုက်သိမ်းပိုက်နေရာ စက်တင်ဘာ ၁၈ရက် မနေ့ကလည်း ကာကင်းစခန်းတစ်ခုနဲ့ ခြေကုတ်နေရာတစ်ခု ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းရဲ့ကာကင်းစခန်းတွေဖြစ်တဲ့ ကံ့ကော်ကျွန်းရွာအနီးက ကာကင်းစခန်းငယ်တစ်ခုနဲ့ ရွှေမင်းဂံရေတပ်စခန်းရဲ့ ချောင်းတဘက်ကမ်း ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးရှိ ခြေကုတ်နေရာတစ်ခုတို့ကို သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ဘက်က လက်နက်တွေချန်ပြီး ဆုတ်ပြေးသွားကြတာလို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲကတော့ နေရာလေးခုလောက်မှာ ဆက်ဖြစ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ AAက အဲဒီစခန်းနှစ်ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်စခန်းတွေ လက်လွှတ်ရပြီးနောက် စစ်တပ်က တိုက်လေယာဉ် ခြောက်စီးခန့်နဲ့ တိုက်ပွဲဖြစ်ရာနေရာတွေအပြင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ် တို့အတွင်းက နေရာတွေကို ဗုံးကြဲခဲ့ပါတယ်။
မနေ့က မနက် ၇ နာရီကျော်အချိန်ကနေ ၈ နာရီကျော်လောက်အထိ စစ်တပ်က စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ ဗုံးကြဲနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေ့လယ်ပိုင်းမှာတော့ ပေါက်တောနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တို့ကို ဗုံးထပ်ကြဲခဲ့တာပါ။ စစ်တပ်ဟာ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းကမ်းခြေကျေးရွာတွေ၊ စစ်တွေနဲ့အစပ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကကျေးရွာတွေကို ဗုံးအလုံးရေ ဆယ်နဲ့ချီ ကြဲခဲ့ပါတယ်။ ဒါပေမဲ့ လူ ထိခိုက်မှု ရှိ ၊မရှိ အခြေအနေကိုတော့ မသိရသေးပါဘူး။
အာရက္ခတပ်တော်(AA)ဟာ မနေ့က သိမ်းပိုက်ရရှိတဲ့စခန်းနှစ်ခုအပြင် စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားဝန်းကျင်ရှိ ကာကင်းတစ်ခု၊ ကံကော်ကျွန်းရွာ၀န်းကျင်ရှိ ကာကင်းတစ်ခု၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်တပ်ခြေကုတ်နေရာယူ ထားခဲ့တဲ့ စပါးထား၊ ဆားပို့တောင်၊ ခမောင်းတောရွာဝန်းကျင်တို့က ခြေကုတ်နေရာသုံးခုတို့ကိုလည်း ပြီးခဲ့တဲ့ရက်တွေက သိမ်းပိုက်ရရှိထားပါတယ်။
ဒါကြောင့် အနည်းဆုံးစစ်တပ်ကာကင်း ၃ ခု နဲ့ ခြေကုတ်နေရာ ၄ ခုကိုသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်ရဲ့ အဓိကရှေ့ထွက်ကာကင်းတွေဖြစ်တဲ့ ဇော်မတက်၊ ကံ့ကော်ကျွန်းဝန်းကျင်၊ ကျားမသောက်တပ်ရင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တို့ရဲ့ ရှေ့တန်းကာကင်းတွေရှိရာ တောကန်ရွာဝန်းကျင်တို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ဆားပို့တောင်၊ ရဲရိုးပြင်ရွာဝန်းကျင်တို့မှာ တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
=====
စစ်ကားအစီးရေ ၂၀၀ နီးပါး ချင်းတောင်အစပ် ဦးတည်နေ
စက်တင်ဘာ-၁၉၊ ၂၀၂၆။ People's Spring
မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊ လောင်းရှည်မြို့ကို ဦးတည်လာနေတယ်လို့ မကွေးတိုင်း ပကဖက ဒီနေ့ စက်တင်ဘာ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီစစ်အုပ်စု ယာဥ်တန်းမှာ ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ ဖော်ပြအသိပေးပါတယ်။
မကွေးမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကားအစီးရေ (၁၈၂) စီးပါ ယာဉ်တန်းဟာ ပွင့်ဖြူမြို့ကို တချို့တ၀က်ရောက်ရှိလာပြီး စလင်းကတဆင့် လောင်းရှည်မြို့ကို ၀င်ရောက်လာမယ်လို့ ဆိုပါတယ်။
အဲဒီယာဉ်တန်းစစ်ကြောင်းက ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းက တပ်စခန်းတချို့ကို ပြန်လည်ရုတ်သိမ်းကာ စုဖွဲ့မှု ပြုလုပ်ထားပြီး တပ်မ(၈၈)က လက်အောက်ခံတပ်တွေ ဖြစ်တယ်လို့ အသိပေးပါတယ်။
ယာဥ်တန်းမှာ မစ်ဇိုင်းဒုံးတင်ကား ၂စီး၊ လက်နက်ကြီးကား ၃စီး၊ ဂျန်ပါကားတွေပါပြီး မကြာခင် စလင်းကို ဝင်တော့မယ်လို့ မကွေးတိုင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ယာဉ်တန်းမတိုက်ခံရရေးအတွက် လောင်းရှည်မြို့ကနေ စစ်ကြောင်းထွက်လာပြီး လောင်းရှည်-စေတုတ္တရာ လမ်းပိုင်းမှာ ကင်းပုန်းချထားတယ်လို့ မကွေး ပကဖက ဆိုပါတယ်။
လောင်းရှည်-ဆောလမ်းပိုင်းက တောင်ဘို့ကြီးကို ရောက်နေတဲ့ စစ်ကြောင်းကလည်း တောင်ဘို့ကြီးကျေးရွာမှာပဲ ဆက်လက် တပ်ချထားပြီး လောင်းရှည်-ဆောလမ်းပိုင်းကို လုံခြုံရေးယူပေးနေတယ်လို့ အသိပေးပါတယ်။
စစ်တပ်ဟာ ကန်ပက်လက် နဲ့ မင်းတပ်ကို ထိုးစစ်အရှိန် ပိုမြှင့်ပြီလို့ ပြောလို့ရနိုင်ကြောင်း ဆောမြို့နယ် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် ကပစ-၂၅နဲ့ ပေါက်မြို့နယ်အခြေစိုက် ကပစ-၂၄တို့မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #စစ်ကား၂၀၀နီးပါး #ချင်းတောင်အစပ်စစ်ကြောင်း #စစ်ကောင်စီစစ်ကြောင်း #ချင်းပြည်နယ်စစ်ရေး #မြန်မာ့စစ်ရေးသတင်း #ChinHillsMilitaryConvoy #JuntaConvoy #ChinStateConflict #MyanmarConflict #MyanmarNews #ဗန်းမော်တိုက်ပွဲ #စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု #ရေကြောင်းအင်အားဖြည့်တင်းမှု #ကချင်စစ်ရေး #မြန်မာ့စစ်ရေးသတင်း #BhamoConflict #JuntaAirstrikes #RiverineResupply #KachinConflict #MyanmarConflict #MyanmarNews