Khit Thit Afternoon News | 19 September 2026
Khit Thit Media
0:00 / 0:00
Khit Thit Afternoon News | 19 September 2026
240 458 просмотров · 15 часов назад
Khit Thit Media
3,28 млн подписчиков
240 458 просмотров · 15 часов назад
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အာရက္ခတပ်တော်-AA က သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်ကို ပြန်လည် ထိုးစစ်ဆင်နေတဲ့ စစ်တပ်ရဲ့ ရန်နိုင်အောင် စစ်ဆင်ရေး ဦးကျိုးသွားပြီးနောက် ရခိုင်တစ်ပြည်လုံးကို စစ်တပ်ရဲ့ ဂုဏ်သိက္ခာအတွက် ပြန်လည် သိမ်းပိုက်ရမှာဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်ဒေါက်တိုင်လည်းဖြစ်၊ ကြံ့ဖွတ်ပါတီရဲ့ နေပြည်တော်နယ်မြေဥက္ကဋ္ဌ ဘူးလက်လှဆွေက ကြုံးဝါးပြန်ပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို မပေါက်ဘဲ ကျန်ရှိနေတဲ့ ပေါင် ၅၀၀ ဗုံးကို မိုင်းအဖြစ် ပြန်ဆင်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်ရဲ့ နယ်ခြားမှတ်တိုင် အမှတ်-၃၀ စခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်တင်သင်္ဘော ၃ စီး အမည်မသိ ပစ်ခတ်မှုကြောင့် ထိခိုက်ခဲ့ပြီး နာရီပိုင်းအတွင်း အမေရိကန်စစ်တပ်က အီရန်အတွင်း ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။