Перейти к содержимому

စစ်တပ်က ပုဏ္ဏားကျွန်းကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲ | People's Spring

People's Spring

0:00 / 0:00

စစ်တပ်က ပုဏ္ဏားကျွန်းကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲ | People's Spring

23 224 просмотра · 1 дн. назад
People's Spring
702 тыс. подписчиков
23 224 просмотра · 1 дн. назад
စစ်တပ်က ပုဏ္ဏားကျွန်းကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲ အောက်တိုဘာ-၁၊ ၂၀၂၆။ People's Spring စစ်တွေ၊ပုဏ္ဏားကျွန်းအစပ် ဝါဘိုကျွန်းနဲ့ ကွမ်းတောင်ရွာအနီး စက်တင်ဘာ ၃၀ရက် မနေ့က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်း တစ်​ကြောင်းလုံးသေဆုံးခဲ့ပြီး​နောက် စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့အနီးဝန်းကျင်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ မနေ့ညပိုင်းက ဗုံးကြဲနေခဲ့ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းကစပြီး ဝါဘိုကျွန်းနဲ့ ကွမ်းတောင်ရွာအနီးဝန်းကျင်တို့မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ အင်အား ၃၀ လောက်ပါတဲ့ စစ်တပ်စစ်ကြောင်းတခုလုံး သေဆုံးသွားခဲ့တာလို့ AAနဲ့နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၃၀ရက် မနေ့ ည ၉ နာရီလောက်ကနေ လေယာဉ်အုပ်လိုက်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဗုံးပတ်ကြဲခဲ့ပြီး ည ၁၁ နာရီလောက်အထိ လေယာဉ်တွေ ပျံသန်းနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဟာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေသလို စစ်တွေမြို့ပေါ် တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တွေမြို့နယ်အတွင်း ပြီးခဲ့တဲ့ ၂ရက်က တိုက်ပွဲမရှိခဲ့ဘဲ စက်တင်ဘာ ၃၀ နေ့လယ်ပိုင်းမှာ တိုက်ပွဲတွေ ပြန်စဖြစ်ခဲ့ပြီး ပစ်ခတ်သံတွေ ကြားနေခဲ့ရတယ်လို့ စစ်တွေမြို့ခံတချို့ကလည်း ပြောပါတယ်။ စစ်တွေမြို့နယ်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကစလို့ စစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ထိုးစစ်ဆင်နေခဲ့တာပါ။ ဒါပေမဲ့ တိုက်ပွဲသုံးပတ်ကျော်အတွင်း စစ်တပ်က စခန်းသိမ်းရတာမရှိတဲ့အပြင် စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က စစ်တပ်စခန်းနဲ့ ခြေကုပ်နေရာ ၉ ခု ထက်မနည်းကို လက်လွှတ်ခဲ့ရပါတယ်။ ဒါ့အပြင် စစ်တပ်က ထိုးစစ်ဆင်နေခဲ့တဲ့ ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာလည်း တပ်စခန်းအချို့ လက်လွှတ်ထားရပါတယ်။ ဒါ့ကြောင့် စစ်တပ်ဟာ လေယာဉ်အုပ်လိုက်အသုံးပြုပြီး တိုက်ပွဲနဲ့ ဆက်စပ်နေရာတွေအပြင် ရခိုင်ပြည်နယ်အတွင်းက အရပ်သားနေရာတွေကိုပါ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေပါတယ်။ ===== ဗန်းမော်ထောင်က အကျဥ်းသားတွေ စစ်သင်္ဘောပေါ်ကနေ ရေထဲခုန်ချ လွတ်မြောက် အောက်တိုဘာ-၁၊ ၂၀၂၆။ People’s Spring စစ်တပ်ဟာ ဗန်းမော်အကျဉ်းထောင်က အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတဲ့ လုပ်ရပ်တွေ ကျူးလွန်နေကြောင်း ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသားက ထွက်ဆိုတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ စစ်တပ်က သင်္ဘောနဲ့ ခေါ်တင်လာတဲ့ အကျဉ်းသားတွေ တိုက်ပွဲဖြစ်ချိန် ရေထဲခုန်ချ ထွက်ပြေးလို့ လွတ်မြောက်လာသူတွေရှိတယ်လို့လည်း အသိပေးပါတယ်။ ဗန်းမော်အကျဉ်းထောင်က အကျဉ်းသားတွေကို စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း အကျဉ်းထောင်ကနေ လွတ်မြောက်လာသူ ဦးအိုက်စိုးက ပြောဆိုခဲ့တယ်လို့ KIA က ဖော်ပြခဲ့တာပါ။ ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ မန္တလေးကနေ ဆန်တက်လာစဉ်ကလည်း စစ်တပ်ဟာ ပြည်သူတွေနဲ့အတူ ရောနှောပြီး တက်လာသလို ဗန်းမော်မြို့ကနေ ပြန်စုန်ဆင်းချိန်မှာလည်း မီးမတော်တဆဖြစ်ရင် ငြှိမ်းသက်ဖို့ဆိုပြီး အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ် တင်ဆောင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သင်္ဘောနဲ့ စုန်ဆင်းလာချိန် KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွှေကူမြို့အနီးမှာ အကျဉ်းသား ဦးအိုက်စိုးက ရေထဲခုန်ချပြီး စစ်တပ်လက်ကနေ လွတ်မြောက်လာတာ ဖြစ်တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ဦးအိုက်စိုးနဲ့အတူ အခြားအကျဉ်းသား ၇၀ ကျော်လည်း ရေထဲခုန်ချ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။ စစ်တပ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က မြစ်ကြောင်းတလျှောက် တိုက်ခိုက်ခဲ့လို့ နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်မှာ ပါလာတဲ့ အကျဥ်းသားတွေ သေဆုံးတာလည်း ရှိတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မန္တလေးရောက်ပြီးမှ ကိုယ့်အိမ်ကိုယ် ပြန်ရောက်တဲ့ အကျဥ်းသားတွေလည်း တော်တော်များများတော့ရှိတယ်လို့ ကြားသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ ဗန်းမော်အကျဉ်းထောင်မှာ အကျဉ်းသား ၄၀၀ ကျော်ကျန်ရှိနေပြီး အကျဉ်းသားတွေဟာ သင်္ဘောပေါ်ကနေ ပစ္စည်းတွေ သယ်ပေးရတာ၊ ခေါင်းစဉ်အမျိုးမျိုးတပ် ငွေကောက်ခံခြင်း၊ ငွေမပေးနိုင်သူတွေကို ရိုက်နှက်တာ ပြစ်ဒဏ်ပေးတာရှိခဲ့တယ်လို့ ဦးအိုက်စိုးက ထွက်ဆိုကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ဒါ့အပြင် သင်္ဘောရိက္ခာ မရောက်ခင် အကျဉ်းသားတွေဟာ ပြောင်းဖူးတွေကို လနဲ့ချီ စားခဲ့ရလို့ ကျန်းမာရေးထိခိုက်ပြီး ဖျားနာသူတွေကိုလည်း ဆေးကုသပေးတာမရှိဘူးလို့ ဖော်ပြထားပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ရခိုင်သတင်း #ပုဏ္ဏားကျွန်း #စစ်တွေ #အာရက္ခတပ်တော် #AA #လေကြောင်းတိုက်ခိုက်မှု #တိုက်ပွဲသတင်း #လူ့အခွင့်အရေးချိုးဖောက်မှု #Myanmar #RakhineState #Ponnagyun #Sittwe #ArakanArmy #AirStrike #MyanmarCivilWar #WhatsHappeningInMyanmar #BreakingNews #ကချင်သတင်း #ဗန်းမော် #ရွှေကူ #ကချင်လွတ်လပ်ရေးတပ်မတော် #KIA #လူသားဒိုင်း #အကျဉ်းသားအခွင့်အရေး #စစ်ရာဇဝတ်မှု#Kachin #Bhamo #Shwegu #KIA #HumanShields #PrisonerEscape #WarCrimes #HumanRightsViolations #WhatsHappeningInMyanmar