Khit Thit Evening News | 20 October 2026
Khit Thit Media
0:00 / 0:00
Khit Thit Evening News | 20 October 2026
63 557 просмотров · 1 ч назад
Khit Thit Media
3,3 млн подписчиков
63 557 просмотров · 1 ч назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာစစ်ကောင်စီအကြား တွေ့ဆုံမှုတွေဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အပြင်ကို သတင်းမပေါက်ကြားအောင် ဆောင်ရွက်ဖို့ စစ်တပ်က ညွန်ကြားထားပြီး ထိပ်တန်းလျှို့ဝှက်အဖြစ်ပါ သတ်မှတ်ထားတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြေလာပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာ့အရေးနဲ့ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ စစ်တပ်က ပြန်လွှတ်ပေးရေးနဲ့ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှု ရှိစေရေး တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ် ကပြောလာပါတယ်။
မကွေးတိုင်း၊ စလင်းမြို့ပေါ် မြို့မဈေးမှာရှိတဲ့ နာမည်ကြီးဆိုင်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက PDF အယောင်ဆောင်ပြီး ဖုန်းဆက်ခြိမ်းခြောက် ငွေညှစ် တောင်းယမ်းနေတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။
အမေရိကန်က အီရန်ကို စီးပွားရေးနဲ့ စစ်ရေးအရ အပြင်းအထန် ဖိအားပေးနေတယ်ဆိုပြီး သမ္မတ ထရမ့်က ပြောလာပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။