Khit Thit Evening News | 19 October 2026
Khit Thit Media
0:00 / 0:00
Khit Thit Evening News | 19 October 2026
238 811 просмотров · 5 ч назад
Khit Thit Media
3,3 млн подписчиков
238 811 просмотров · 5 ч назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီက ဘတ်ဂျက်လိုငွေပြမှု ငွေကျပ်ဘီလီယံ တစ်သောင်းနှစ်ထောင်နီးပါး ရှိလာတဲ့အချိန် ပြည်တွင်းမှာ ဈေးနှုန်းမတည်မငြိမ်မှုဖြစ်အောင် သတင်း ဖြန့်ဝေသူတွေကို အရေးယူမယ်ဆိုပြီး ခြိမ်းခြောက် ကြေညာလာပြန်သလို ၊ တစ်ဖက်က ပြည်တွင်း ရွှေကုန်သည်နဲ့ဒေါ်လာ အရောင်းအဝယ်လုပ်သူအများစုကတော့ လုပ်ငန်း ယာယီရပ်ဆိုင်းပြီး တိမ်းရှောင်ရတယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်တပ်က ပလက်ဝမြို့နယ်မှာရှိတဲ့ အရပ်သားတွေနေထိုင်ရာ ချောင်းဆုံဒေသကို လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူအများအပြား ထိခိုက်သေဆုံးထား တယ်လို့ ဒေဿခံတွေတွေက ရန်ကုန်ခေတ်သစ်ကို ပြောလာကြပါတယ်။
TNLA လက်အောက်ခံ လီဆူတပ်ဖွဲ့ဝင် အယောက် ၅၀ ကျော်က ကတိသစ္စာဖောက်ဖျက်ပြီး အကြမ်းဖက် စစ်တပ်နဲ့ပူးပေါင်းမှုကို စောင့်ကြည့် အရေးယူ ဆောင်ရွက်သွားမယ်လို့ TNLA က ထုတ်ပြန်လာပါတယ်။
-ယူကရိန်းသမ္မတ ဇယ်လန်စကီးဟာ လက်ရှိ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဖို့ကိုလည်း ပြင်ဆင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။