လာမယ့်ရွေးကောက်ပွဲမှာရီပတ်ဘလစ်ကန်ပါတီအတွက်အီလွန်မတ်စ်ခ် ဒေါ်လာ ၂၇၆ သန်း လှူဒါန်း | People's Spring
People's Spring
0:00 / 0:00
လာမယ့်ရွေးကောက်ပွဲမှာရီပတ်ဘလစ်ကန်ပါတီအတွက်အီလွန်မတ်စ်ခ် ဒေါ်လာ ၂၇၆ သန်း လှူဒါန်း | People's Spring
6 501 просмотр · 11 часов назад
People's Spring
704 тыс. подписчиков
6 501 просмотр · 11 часов назад
လာမယ့်ရွေးကောက်ပွဲမှာရီပတ်ဘလစ်ကန်ပါတီအတွက်အီလွန်မတ်စ်ခ် ဒေါ်လာ ၂၇၆ သန်း လှူဒါန်း
အောက်တိုဘာလ - ၁၃ ၊ ၂၀၂၆
သက်တမ်းဝက် ရွေးကောက်ပွဲဝင်မယ့် အမေရိကန်ရဲ့ အာဏာရ ရီပတ်ဘလစ်ကန် ပါတီအတွက် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်ခ်က ဒေါ်လာ ၂၇၆ သန်းကျော် ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန် ပါတီကို အားပေးထောက်ခံပြီး အလှူငွေတွေ ထည့်ဝင်ကြရာမှာ မတ်စ်ခ်ဟာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ မတ်စ်ခ်ရဲ့ နိုင်ငံရေး လုပ်ဆောင်ချက်တွေကို တာဝန်ယူပေးထားတဲ့ America PACက ရီပတ်ဘလစ်ကန် ပါတီရဲ့ မဲဆွယ်စည်းရုံးရေး ရန်ပုံငွေ စာရင်းနဲ့ ပတ်သက်ပြီး အဲဒီကိန်းဂဏန်းကို အတည်ပြုပေးခဲ့ပါတယ်။
SpaceXနဲ့ Teslaတို့လို နည်းပညာ လုပ်ငန်းစုကြီးတွေကို ဦးဆောင်နေတဲ့ ဘီလီယံနာ သူဌေးကြီးရဲ့ ထည့်ဝင်မှုတွေထဲက အများစုဖြစ်တဲ့ ဒေါ်လာ ၁၅၈ သန်းဟာ ရီပတ်ဘလစ်ကန် ပါတီကို ထောက်ပံ့နေတဲ့ အကြီးမားဆုံး နိုင်ငံရေး အသုံးစရိတ် အဖွဲ့အစည်းဖြစ်တဲ့ အထက်လွှတ်တော် ဦးဆောင်မှု ရန်ပုံငွေ အဖွဲ့ဆီကို လှူဒါန်းခဲ့တာလို့ သိရပါတယ်။
မတ်စ်ခ်ရဲ့ စီးပွားရေး အင်ပါယာမှာ အထူးအရေးပါတဲ့ တက္ကဆက်စ် ပြည်နယ်ရဲ့ အထက်လွှတ်တော် အမတ်နေရာကို ရီပတ်ဘလစ်ကန် ပါတီက ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အဲဒီအဖွဲ့က ငွေကြေး အလုံးအရင်း အသုံးပြုပြီး မဲဆွယ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဇူလိုင်လကစလို့ ရီပတ်ဘလစ်ကန် ပါတီရဲ့ အောင်နိုင်ရေး မဲဆွယ်လှုပ်ရှားမှုတွေမှာ မတ်စ်ခ်ထည့်ဝင်လှူဒါန်းထားတဲ့ ငွေကြေးပမာဏတွေကို New York Times သတင်းစာက စတင် ဖော်ပြခဲ့ပါတယ်။ မတ်စခ်ဟာ ရီပတ်ဘလစ်ကန် ပါတီရဲ့ အမာခံ ကျောထောက်နောက်ခံ ငွေကြေး ပံ့ပိုးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတုန်းကလည်း မတ်စ်ခ်ဟာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ မဲဆွယ်ရေး မစ်ရှင်တွေအတွက် ဒေါ်လာ သန်း ၃၀၀ နီးပါး ပုံအော လှူဒါန်းခဲ့ပါတယ်။ ထရမ့် သမ္မတ ဖြစ်လာပြီး အစောပိုင်း လတွေမှာတော့ မတ်စ်ခ်ဟာ အစိုးရ အဖွဲ့ထဲမှာ လပိုင်းလောက် ပါဝင်ခဲ့ပြီး ဌာနဆိုင်ရာ အသုံးစရိတ်တွေ လျှော့ချစေတဲ့ စီမံကိန်းတွေကို ကြီးမှူးခဲ့ဖူးပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲမှာတော့ မတ်စ်ခ်ရဲ့ အဓိက အာရုံကျမှုဟာ တက္ကဆက်စ်ပြည်နယ် အထက်လွှတ်တော် အမတ်နေရာ ဖြစ်နိုင်တယ်လို့ သတင်းတွေက သုံးသပ် ဖော်ပြထားပါတယ်။ အဲဒီ နေရာအတွက် ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု ပြည်နယ် ရှေ့နေချုပ် ကန်ပက်စ်တန်နဲ့ ဒီမိုကရက်တစ် ပါတီရဲ့ ဂျိမ်းစ်တာလာရီကိုတို့ အားပြိုင်နေကြပါတယ်။
တက္ကဆက်စ် ပြည်နယ်မှာ ပြည်နယ်တစ်ခုလုံး အတိုင်းအတာနဲ့ ဩဇာသက်ရောက်စေတဲ့ ရာထူးတစ်ခုခုမှာ ၁၉၉၄ ခုနှစ်နောက်ပိုင်း ဘယ်ဒီမိုကရက်တစ် ပါတီဝင်မှ အနိုင်မရခဲ့ဖူးသေးပါဘူး။
အစဉ်အလာအရ အဲဒီလောက် ရီပတ်ဘလစ်ကန် ပါတီအတွက် ထောက်ခံမှု အားကောင်းထားတဲ့ ပြည်နယ်မှာ အထက်လွှတ်တော် ဦးဆောင်မှု ရန်ပုံငွေအဖွဲ့ဟာ လာမယ့် သက်တမ်းဝက် ရွေးကောက်ပွဲအတွက် မဲဆွယ်စရိတ် ဒေါ်လာ သန်း ၁၀၀ ကျော်ထိ သုံးစွဲထားပါတယ်။ ဒီအခြေအနေက ရီပတ်ဘလစ်ကန်တွေဟာ တက္ကဆက်စ် အထက်လွှတ်တော် အမတ်နေရာကို လက်လွှတ်ရမှာ စိုးရိမ်နေတဲ့ အဓိပ္ပါယ် ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ် ပြောဆိုထားပါတယ်။
ကိုးကား: New York Times
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #အီလွန်မတ်စ်ခ် #ရီပတ်ဘလစ်ကန်ပါတီ #အမေရိကန်ရွေးကောက်ပွဲ #နိုင်ငံရေးရန်ပုံငွေ #နိုင်ငံတကာသတင်း #ElonMusk #RepublicanParty #US2026Elections #PoliticalDonation #WorldNews