Перейти к содержимому

နိုင်ငံရေးကနေ သက်ဆင် အနားယူချင်နေပြီလို့ ရှေ့နေပြော | People's Spring

People's Spring

0:00 / 0:00

နိုင်ငံရေးကနေ သက်ဆင် အနားယူချင်နေပြီလို့ ရှေ့နေပြော | People's Spring

1 374 просмотра · 13 часов назад
People's Spring
704 тыс. подписчиков
1 374 просмотра · 13 часов назад
နိုင်ငံရေးကနေ သက်ဆင် အနားယူချင်နေပြီလို့ ရှေ့နေပြော အောက်တိုဘာလ - ၁၃ ၊ ၂၀၂၆ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ နိုင်ငံရေးကနေ အနားယူပြီး အေးအေးချမ်းချမ်း နေထိုင်သွားဖို့ ဆန္ဒရှိနေကြောင်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။ သက်ဆင်က သူ့အပေါ် နိုင်ငံရေးအရ စွဲဆိုထားတဲ့ အမှုအားလုံးကနေ လွတ်ငြိမ်းခွင့် ရဖို့၊ သူ့နာမည်နဲ့ ဂုဏ်သိက္ခာကို သန့်စင်စေဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ရေးဆိုင်ရာ ဥပဒေပါ ခွင့်ပြုချက်တွေနဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားခဲ့ကြောင်း သူ့ရှေ့နေက အတည်ပြုချိန်မှာ အခုလို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။ ရှေ့နေ ဝင်ယတ် ချန့်မွန်ထရီက သက်ဆင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားမှု အကြောင်းကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ငြိမ်းချမ်းတဲ့ လူ့အခွင့်အရေး တည်ဆောက်ရေး ကော်မတီ ဥက္ကဋ္ဌဆီ လိပ်မူထားတဲ့ အဲဒီလျှောက်လွှာ တင်သွင်းခွင့်ကို အောက်တိုဘာ ၈ ရက်မှာ သက်ဆင်က ရရှိခဲ့တယ်လို့ ဝင်ယတ်က ဆိုပါတယ်။ အဲဒီလျှောက်လွှာမှာတော့ အသက် ၇၇ နှစ်အရွယ် သက်ဆင်ဟာ ဥပဒေကြောင်းအရ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကနေ ကင်းလွတ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိစေဖို့ ရည်ရွယ် တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။ ပြီးတော့ အမှုတစ်ခုချင်းစီအတွက် သီးခြားစီ လျှောက်ထားတာမျိုး မဟုတ်ဘဲ ခြုံငုံစုစည်းပြီး လျှောက်လွှာ တင်ထားတာလို့ ဝင်ယတ်က ပြောပါတယ်။ သူ့ရဲ့ အမှုသည်ဖြစ်တဲ့ သက်ဆင်ဟာ နာမည်ဂုဏ်သတင်းကို ပြန်လည်သန့်စင်ပြီး အေးအေးချမ်းချမ်း စီးပွားရေးပဲ ဆက်လုပ်ချင်တော့တယ်လို့ ဝင်ယတ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ပြီးတော့ အသက်လည်း ရလာပြီ ဖြစ်တာကြောင့် ဝန်ကြီးချုပ်ဟောင်းဟာ နိုင်ငံရေးနဲ့ မပတ်သက်ချင်တော့ဘူးလို့ ရှေ့နေက မှတ်ချက်ပေးခဲ့ပါတယ်။ သက်ဆင် လုပ်ဆောင်ခဲ့သမျှဟာ နိုင်ငံနဲ့ ပြည်သူတွေ အတွက်သာဖြစ်ကြောင်း၊ တရားရေးအရ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ကိစ္စတွေကလည်း နိုင်ငံရေးနဲ့ ဆက်နွှယ်ပတ်သက်နေတယ် ဆိုတာကိုလည်း သက်ဆင်က ပြသချင်ကြောင်း၊ ဒါကြောင့်လည်း ဥပဒေရေးရာ အမှုအခင်းတွေ အားလုံးကနေ လွတ်ငြိမ်းခွင့်ကို လျှောက်ထားခဲ့တာဖြစ်ကြောင်း ဝင်ယတ်က ဆက်ပြောပါတယ်။ အခုအချိန်မှာတော့ သက်ဆင်ဟာ နိုင်ငံရေးမှာ ဝင်ပါဖို့၊ နိုင်ငံရေး လောကထဲ ပြန်ဝင်ဖို့ လုံးဝ ဆန္ဒမရှိတော့ကြောင်း၊ အသက်လည်း ရနေပြီ ဖြစ်တာကြောင့် စီးပွားရေးပဲ ဆက်လုပ်ဖို့ ဆန္ဒရှိနေကြောင်း သူက ဆိုပါတယ်။ သက်ဆင်ရဲ့ လျှောက်ထားမှုကို လိုက်လျောလက်ခံမလား ဆိုတာကတော့ ကော်မတီရဲ့ ဆုံးဖြတ်ပိုင်ခွင့် ဖြစ်သွားပြီလို့လည်း ဝင်ယတ်က ပြောကြားသွားပါတယ်။ ထိုင်းတရားရေး ဝန်ကြီး ရူသာပွန် နော်ဝါရတ်ကတော့ သက်ဆင်ရဲ့ လျှောက်ထားချက်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မသိရသေးကြောင်း ပြောကြားခဲ့ပါတယ်။ စည်းမျဉ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို တိတိကျကျ သတ်မှတ်ထားတာတွေ ရှိကြောင်း၊ ဒါပေမဲ့ ဝန်ကြီးချုပ်ဟောင်းက ဘယ်အပိုင်းတွေကို အဓိကထားပြီး လျှောက်ထားတောင်းဆိုထားသလဲ ဆိုတာကို သူမသိသေးကြောင်း ဝန်ကြီးက ပြောဆိုသွားပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်း ဖယ်ရှားမှုကို ခံခဲ့ရတဲ့ သက်ဆင်ဟာ စွဲချက်တချို့အတွက် ပြစ်ဒဏ် ကျခံပြီးတာ၊ ဒါမှမဟုတ် လွတ်ငြိမ်းခွင့် ရရှိထားတာတွေနဲ့ အဆုံးသတ်နိုင်ခဲ့ပေမယ့် အခွန် ရှုပ်ထွေးမှုလို ကိစ္စတွေအတွက် ဆက်လက် တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ကိုးကား: The Nation 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #သက်ဆင်ရှင်နာဝပ် #ထိုင်းနိုင်ငံရေး #နိုင်ငံရေးအနားယူမှု #ထိုင်းသတင်း #နိုင်ငံတကာသတင်း #ThaksinShinawatra #ThaiPolitics #PoliticalRetirement #ThailandNews #WorldNews