Перейти к содержимому

Khit Thit Evening News | May 4, 2026

Khit Thit Media

0:00 / 0:00

Khit Thit Evening News | May 4, 2026

731 794 просмотра · 5 месяцев назад
Khit Thit Media
3,3 млн подписчиков
731 794 просмотра · 5 месяцев назад
Khit Thit သတင်းဌာန၏ မေ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ပဲခူးတိုင်းက မြို့ပြ၊ ရပ်ကွက်တစ်နေရာမှာ NUG ဝန်ကြီးချုပ် အပါအဝင် အစိုးရ အဖွဲ့ဝင်တွေ နဲ့ ဦးမင်းကိုနိုင်တို့ လမ်းလျှောက်ထွက်ပြမှုဟာ ဦးဆောင်နေသူအားလုံး မြေပြင်မှာ တစ်သားတည်းရှိနေမှုကို ပြသတာဖြစ် တယ်လို့ စစ်ဆင်ရေးမှုး ရဲဘော် တင်ဦးက ရန်ကုန်ခေတ်သစ်ကို မှတ်ချက်ပြုပြောဆို ထားပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် လို့ခေါ်တဲ့ ကိုထိန်လင်းက လက်ရှိမှာ ထိန်းသိမ်းခံထားရဆဲဖြစ်တဲ့ သူ့ရဲ့မိခင် ဒေါ်ဆောင်ဆန်းစုကြည်ကို ပြည်လည်တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုလိုက်ပြီး သူဟာ မိခင်ကို တွေ့ချင်ရုံသာဖြစ်ပါတယ်လို့လည်း ပြောလာပါတယ်။ အကြမ်းဖက် စစ်တပ်က နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှု နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ် ပြောင်းရွှေ့မှုဟာ ဟန်ပြဖြေလျှော့ထားတဲ့ နိုင်ငံ ရေးထောင်ချောက်တစ်ခုဖြစ်တယ်လို့ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ပြောပါတယ်။ အရှေ့အလယ်ပိုင်းက အီရန်စစ်ပွဲမှာ အီရန်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ အမေရိကန်သမ္မတ ထရန့်က ပြောလာပါတယ်။ ဒါအပြင်သမ္မတထရန့်ဟာ မေလ ၃ ရက်နေ့ဖြစ်တဲ့ မနေ့ကပဲ သူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေတစ်ဆင့် အီရန်စစ်ပွဲအတွက် "Project Freedom" လို့ အမည်ပေးထားတဲ့ ရေကြောင်း စစ်ဆင်ရေးကို ကြေညာခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။