Перейти к содержимому

Khit Thit Morning News | 22 October 2026

Khit Thit Media

0:00 / 0:00

Khit Thit Morning News | 22 October 2026

124 190 просмотров · 4 часа назад
Khit Thit Media
3,3 млн подписчиков
124 190 просмотров · 4 часа назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၂၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံရဲ့ စားသုံးဆီလိုအပ်ချက်ကို ပြည်တွင်းထုတ်လုပ်မှုနဲ့ ဖြည့်ဆည်းပြီး ပြည်ပက စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ဖို့ ဆီအုန်းမျိုးသစ်တွေ ထုတ်လုပ်ရေးကို စစ်ကောင်စီက စတင်လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုတားဆီးရေးဆိုင်ရာ အန္တရာယ်မြင့်နိုင်ငံအဖြစ် ဆက်လက်သတ်မှတ်ထားပြီး ထပ်မံအရေးယူမလားဆိုတာကို ဆုံးဖြတ်မယ့် FATF မျက်နှာစုံညီအစည်းအဝေးကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အောက်တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ကျင်းပမယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ၊ ဆမွတ်ပရာကန်ခရိုင်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် CI စာရွက်စာတမ်း လုပ်ပေးနေတဲ့စင်တာမှာ သတင်းရယူနေတဲ့ ထိုင်းအလွတ်တန်းသတင်းသမား ပေါ့ဒ် နာသာဖုပ်ကို မြန်မာစစ်တပ်ဘက်က ဝန်ထမ်းဆိုသူတွေက စစ်ဆေး၊ ခြိမ်းခြောက်ပြီး သတင်းရယူမှုကို တားဆီးဖို့ ကြိုးစားခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဥရောပတလွှား ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေဟာ ဂရိနိုင်ငံဆီကိုလည်း ပျံ့နှံ့လာပြီး ပညာရေးစနစ် ပျက်ယွင်းမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် အေသင်မြို့ခံ ထောင်နဲ့ချီဟာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဆန္ဒပြခဲ့ကြတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။