အမေရိကန်စစ်တပ်ထဲက ကချင်တိုင်းရင်းသူတပ်ကြပ်ကြီး - BBC News မြန်မာ
BBC News မြန်မာ
0:00 / 0:00
အမေရိကန်စစ်တပ်ထဲက ကချင်တိုင်းရင်းသူတပ်ကြပ်ကြီး - BBC News မြန်မာ
35 467 просмотров · 8 ч назад
BBC News မြန်မာ
2,77 млн подписчиков
35 467 просмотров · 8 ч назад
“အခုဆိုမြန်မာပြည်ကနေ ထွက်သွားရတဲ့လူငယ်တွေ အများကြီးရှိတယ်။ မဖြစ်မနေကြောင့်မို့ ပြေးသွားရတာလည်းရှိတယ်။ ဒါပေမဲ့ ပြေးသွားရင်းနဲ့တစ်ခုခုတော့ဆွဲသွား။ လက်ဗလာ ကြီးနဲ့တော့မပြေးသွားနဲ့။ ကိုယ့်ဆီမှာ ဘာမှ လုပ်တတ်မနေရင် တောင်မှ ကိုယ် ဆွဲယူသွားစရာ ဘာသာစကား (အင်္ဂလိပ်စာ) ရှိတယ်။ ပြီးပြည့်စုံတဲ့အချိန်ကိုစောင့်နေရင်တော့ ဘယ်တော့မှ ရမှာမဟုတ်ဘူး”
(တပ်ကြပ်ကြီး ဂျာနူးနူး၊ အမေရိကန်စစ်တပ်)
ကမ္ဘာ့ထိပ်တန်း အမေရိကန်စစ်တပ်မှာ ကမ္ဘာတစ်လွှားက လူမျိုးပေါင်းစုံတာဝန်ထမ်းဆောင်နေပြီး ၂၀၂၁ နောက်ပိုင်းမြန်မာပြည်ဖွားတွေလည်း တာဝန်ထမ်းဆောင်တာ ပိုများလာပါတယ်။ အဲဒီထဲမှာ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က ကချင်တိုင်းရင်းသူ ဂျာနူးနူးလည်းအပါအဝင်ပါ။ သူဟာ ကချင်ပြည်နယ်ရဲ့သဘာဝအလှအပနဲ့ခရီးစဥ်တွေကို ဖော်ထုတ်တင်ဆက်တဲ့ ခရီးသွားဗလော့ဂါ၊ အင်္ဂလိပ်စာ ဆရာမ လုပ်ခဲ့ပေမဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် အမေရိကန်ပြည်ထောင်စုကိုထွက်ခွာလာခဲ့ပါတယ်။ လက်ရှိမှာ အမေရိကန်စစ်တပ်မှာတပ်ကြပ်ကြီးရာထူးနဲ့တာဝန်ထမ်းဆောင်နေပါတယ်။ ကမ္ဘာ့ထိပ်တန်း စစ်တပ်တစ်ခုကိုဝင်ခွင့်ရဖို့ ဘာတွေလိုအပ်သလဲ။ အမေရိကန်စစ်တပ်ထဲမှာ တိုင်းရင်းသူတစ်ဦးအနေနဲ့ ကြုံတွေ့ရတဲ့စိန်ခေါ်မှုနဲ့အခွင့်အလမ်းတွေက ဘာတွေလဲ။ ရုပ်သံမှာကြည့်ရှုနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #အမေရိကန်စစ်တပ် #USArmy #ဂျာနူးနူး #လူငယ် #အမျိုးသမီး #ကချင်