အာရက္ခတပ်တော်ရဲ့ နိုင်ငံရေးစစ်ရေး အလားအလာ - BBC News မြန်မာ
BBC News မြန်မာ
0:00 / 0:00
အာရက္ခတပ်တော်ရဲ့ နိုင်ငံရေးစစ်ရေး အလားအလာ - BBC News မြန်မာ
1 580 068 просмотров · 1 год назад
BBC News မြန်မာ
2,75 млн подписчиков
1 580 068 просмотров · 1 год назад
အာရက္ခတပ်တော် အေအေဟာ အာဏာသိမ်းစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် ရခိုင် တစ်ခုလုံးနီးပါးကို သိမ်းပိုက် ထိန်းချုပ် ပြီးနောက်မှာတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ရာ အသင့်ရှိတယ် ဆိုပြီး ကျန် ညီနောင်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့လိုပဲ ကြေညာလာပါတယ်။
ဒါဟာ ရခိုင်ထဲက မြို့တော် စစ်တွေ အပါအဝင် လက်ကျန် မြို့ ၃ မြို့ကို ဆက်မတိုက်တော့ပဲ တရုတ်ကို ကြားခံထားလို့ စစ်ကောင်စီနဲ့ အပစ်ရပ် ဆွေးနွေးမယ် ဆိုပြီး မူအရ အဓိပ္ပာယ် သက်ရောက်သလား ဆိုတဲ့ မေးခွန်း ထွက်လာစေပါတယ်။ မြေပြင် အခြေအနေတွေကို ကြည့်ရင်တော့ စစ်ကောင်စီဟာ နှစ်သစ်ကူးကာလ တိုင်းပြည်နေရာ အနှံ့ ဗုံးကြဲခဲ့တာမှာ ရခိုင် ပုဏ္ဏားကျွန်းမြိုနယ်ထဲက ယိုးတရုပ်ရွာလည်း ပစ်မှတ်ထားခံရပါတယ်။ သေဆုံးသူ အနည်းဆုံး ၅ ယောက် ရှိတယ်လို့ သိထားရပါတယ်။
တခါ၊ အေအေဘက်ကလည်း တောင်ကုတ်မြို့နယ်ထဲ လက်ကျန် စစ်ကောင်စီ စခန်းတွေကို အပြီးသတ် ရှင်းလင်းနေတာမှာ ပဲခူးတိုင်းနဲ့ ထိနေတဲ့ ပန်းတောင်း-တောင်ကုတ်လမ်းပိုင်း အထိ အေအေ ထိုးစစ်ရောက်လာတယ်လို့ အဲဒီကလာတဲ့ သတင်းတွေက ဆိုပါတယ်။
အခု တစ်ပတ်မှာတော့ အာရက္ခတပ်တော် အေအေဘက်က စစ်ရေး နိုင်ငံရေး ဗျူဟာမြောက် ဘာတွေ ဆက်ပြီး လုပ်လာနိုင်လဲ ... စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် လက်ကျန် ၃ မြို့ကို မသိမ်းတော့ပဲ ရခိုင်ထဲ အပစ်ရပ် သဘောတူမှု တကယ်ရယူမလား ... ရခိုင်နဲ့ ထိစပ်နေတဲ့ ချင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီထဲက တော်လှန်ရေး အင်အားစုတွေ အပေါ် ဘယ်လို သက်ရောက် လာနိုင်လဲ စတာတွေကို ဆွေးနွေးသွားဖို့ ရှိပါတယ်။
ဒီတစ်ပတ် ပါဝင် ဆွေးနွေးကြသူတွေကတော့ ... အမေရိကန် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ရဲ့ အစိတ်အပိုင်း National War College က လုံခြုံရေး မဟာဗျူဟာ ဘာသာရပ်မှာ ပါမောက္ခတစ်ဦး ဖြစ်ပြီး၊ အရှေ့တောင်အာရှရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးပိုင်း ကျွမ်းကျင်သူ ပါမောက္ခ ဇာခရီ အဘူဇာ နဲ့ နိုင်ငံတကာ ပဋိပက္ခတွေ ဖြေရှင်းရေး အကြံပြုနိုင်ဖို့ ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် ဖွဲ့စည်း ထူထောင်ထားတဲ့ International Crisis Group ICG အဖွဲ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အရေးဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ်ကီးန်တို့ ဖြစ်ပါတယ်။
ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားတာကို ဇန်နဝါရီ ၄ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ် တို့ကနေ ထုတ်လွှင့်သွားမှာမို့ စောင့်မျှော်ကြည့်ရှု နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း