Перейти к содержимому

ရွေးကောက်ပွဲ နောက်ကွယ်က လှည့်ကွက် (+လက်ရှိ ကမ္ဘာ့ အခြေအနေ)

My Notes

0:00 / 0:00

ရွေးကောက်ပွဲ နောက်ကွယ်က လှည့်ကွက် (+လက်ရှိ ကမ္ဘာ့ အခြေအနေ)

137 251 просмотр · 5 мес. назад
My Notes
686 тыс. подписчиков
137 251 просмотр · 5 мес. назад
ဒီတစ်ပတ်ရဲ့ ကမ္ဘာ့သတင်းသုံးသပ်ချက် (မေလ ပထမပတ် ၂၀၂၆ ခုနှစ်) Gerrymandering ဆိုတာ ဘာလဲ၊ ဘာကြောင့် သိထားသင့်တာလဲ။ ဒီစကားလုံးကို ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ဒီမိုကရေစီ နိုင်ငံတွေမှာ နိုင်ငံရေးသမားတွေက မဲဆန္ဒနယ်မြေတွေကို ကိုယ်နိုင်အောင် ကိုယ့်စိတ်ကြိုက် ပုံဖျက်ဆွဲယူတဲ့ အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ရွေးကောက်ပွဲတွေမှာ မဲမခိုးဘဲ နိုင်အောင်လုပ်တဲ့ ဒီနိုင်ငံရေး နည်းဗျူဟာအကြောင်းကို စိတ်ဝင်စားဖွယ် ရှင်းပြထားပါတယ်။ ကမ္ဘာ့လက်နက်စျေးကွက်ကို ဝင်လာတဲ့ ဂျပန် ဂျပန်ဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး ရပ်ကွက်ထဲမှာ နေနေရတာပါ။ ၁၉၆၀ ပြည့်လွန်နှစ်တွေကနေစပြီး လက်နက်တင်ပို့မှုဆိုင်ရာ မူသုံးရပ်ကို ချမှတ်ခဲ့ပြီး လက်နက်တင်ပို့ရောင်းချတာကို လုံးဝနီးပါး ပိတ်ပင်ခဲ့ပါတယ်။ အဲဒီကတည်းက ဂျပန်ဟာ စစ်လက်နက်အစား ကားတွေ၊ တီဗွီတွေ၊ PlayStation တွေပဲ တင်ပို့တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ အရင်က ပြည်ပကို ရောင်းခွင့်မရှိတော့ ဂျပန်က လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ အရှုံးပေါ်ပြီး ပိတ်သိမ်းရမယ့် အခြေအနေ ဖြစ်နေတာပါ။ ဒါပေမဲ့ ပြဿနာက ဂျပန်အနေနဲ့ ငြိမ်းချမ်းရေးကို လိုချင်ပေမဲ့၊ ပြောင်းလဲလာတဲ့ ကမ္ဘာ့လုံခြုံရေး အခြေအနေက အဲဒီလို ဆက်နေခွင့်မပေးတော့ပါဘူး။ အခုတော့ စည်းမျဉ်းတွေကို ဖြေလျှော့ပြီး ကမ္ဘာ့ဈေးကွက်ကို ဝင်တိုးခွင့် ရသွားပါပြီ။ ဂျပန်ရဲ့ နည်းပညာတွေက ကမ္ဘာ့လက်နက်ဈေးကွက်မှာ နေရာတစ်နေရာ ယူလာပါလိမ့်မယ်။ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာမှာ 'ငြိမ်းချမ်းရေးနိုင်ငံ' ဆိုတဲ့ နာမည်နဲ့ ရပ်တည်လာခဲ့ပေမဲ့ လက်ရှိမှာတော့ ဂျပန်ဟာ 'ပုံမှန် စစ်ရေးအင်အားရှိတဲ့ နိုင်ငံတစ်ခု' (Normal Military Power) ဖြစ်လာဖို့ အရှိန်အဟုန်နဲ့ သွားနေပါတယ်။ ဒါပေမဲ့ မေးစရာရှိတာက... ဂျပန်ရဲ့ ဒီခြေလှမ်းတွေက အာရှတိုက်မှာ ငြိမ်းချမ်းရေးကို ပိုခိုင်မာစေမှာလား၊ ဒါမှမဟုတ် လက်နက်တပ်ဆင်မှု ပြိုင်ပွဲကြီး (Arms Race) တစ်ခုကို မီးမွှေးပေးလိုက်တာလား ဆိုတာပါပဲ။ အီရန်-အမေရိကန် တင်းမာမှုများ အရှေ့အလယ်ပိုင်းက စစ်မီးလျှံတွေကြားမှာ အီရန်နဲ့ အမေရိကန်တို့ရဲ့ ထိပ်တိုက်တွေ့မှုတွေက ဘယ်လောက်အထိ အန္တရာယ်များနေပြီလဲ။ ဒီစစ်ရေးတင်းမာမှုတွေက ကမ္ဘာ့စီးပွားရေးနဲ့ လုံခြုံရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာကို ဒီနေ့ဗီဒီယိုလေးမှာ မျှဝေပေးထားပါတယ်။