Перейти к содержимому

Khit Thit Evening News | 4 November 2026

Khit Thit Media

0:00 / 0:00

Khit Thit Evening News | 4 November 2026

94 665 просмотров · 3 ч назад
Khit Thit Media
3,31 млн подписчиков
94 665 просмотров · 3 ч назад
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့်သတင်းတွေကတော့ မြန်မာနိုင်ငံမှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၅,၀၀၀ ဝန်းကျင်အထိ မြင့်တက်လာချိန်မှာ စစ်ကော်မရှင် လက် အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အွန်လိုင်းကနေ ရွှေ၊ ရွှေကြမ်းနဲ့ လက်ဝတ် ရတနာ ရောင်းချတာတွေကို ယာယီတားမြစ်လိုက်ပါတယ်။ ထိုင်းစစ်တပ်က မြန်မာစစ်သံမှူးကို ခေါ်ယူသတိပေးထားတဲ့ကြားကပဲ မြန်မာဘက်က လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံအတွင်းကို ဆက်လက်ကျရောက်ခဲ့မှုကြောင့် ထိုင်းစစ်တပ်က မီးကျည်နဲ့ ပြန်လည် ပစ်ခတ် သတိပေးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ထိုင်း-မြန်မာနယ်စပ်က ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းအတွက် အရေးကြီးတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ ရှင်သန်ရေးနဲ့ အသက်မွေးဝမ်းကျောင်းကို တိုက်ခိုက်တာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ ရပ်စလုံးမှာ နေရာအများစု အနိုင်ရနေပြီး သမ္မတထရန့်ရဲ့ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ အခြေအနေမကောင်းဘူးလို့ CNN က ခန့်မှန်းထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။