Перейти к содержимому

ပဲခူးဆရာတော် အပစ်ခံရမှု နိုင်ငံရေးဂယက်

RFA လွတ်လပ်တဲ့အာရှအသံ

0:00 / 0:00

ပဲခူးဆရာတော် အပစ်ခံရမှု နိုင်ငံရေးဂယက်

1 240 653 просмотра · 2 года назад
RFA လွတ်လပ်တဲ့အာရှအသံ
3,05 млн подписчиков
1 240 653 просмотра · 2 года назад
“RFA စကားဝိုင်း” ပဲခူးဆရာတော် အပစ်ခံရမှု နိုင်ငံရေးဂယက် ~~~ ■ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က တံတားဦးလေဆိပ်အနီးမှာ ပဲခူးမြို့၊ ၀င်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်နဲ့ ကန်သုံးဆင့်ဆရာတော်တို့ လိုက်ပါလာတဲ့ကား သေနတ်ပစ်ခတ်ခံရချိန်မှာ ၀င်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မှုခဲ့ရပြီး ဒီပစ်ခတ်မှုကို PDF တွေလုပ်တာလို့ စစ်ကောင်စီက သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ကားပေါ်မှာလိုက်ပါလာတဲ့ ကန်သုံးဆင့်ဆရာတော်က ဒီပစ်ခတ်မှုဟာ စစ်ကောင်စီတပ်သားတွေ ပစ်တာလို့ မိန့်ကြားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ၀န်ခံခဲ့ရသလို စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် တောင်းပန်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီပြဿနာဟာ သံဃာထုနဲ့ မြန်မာပြည်သူလူထုကြား တအုံနွေးနွေး ဖြစ်ခဲ့ရပါတယ်။ မြို့နယ်တချို့မှာ ဆန္ဒပြတာတွေနဲ့ သံဃာအဖွဲ့တချို့က ကန့်ကွက်ကြောင်း စာတွေထုတ်ပြန်ခဲ့သလို သံဃာအဖွဲ့တချို့ကတော့ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြပါတယ်။ အခုတစ်ပတ် ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာပါ။ ပါဝင်ဆွေးနွေးမဲ့သူတွေကတော့ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့က ဆရာတော် ဦးဝါယမ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဒေါ်နှင်းနှင်းမွှေး၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရမ်းတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စီစဉ်တင်ဆက်ထားပါတယ်။ ____________ Subscribe ▶ http://bit.ly/2ajgBxf မိုဘိုင်းအက်ပ် ▶ https://smarturl.it/RFAburmeseapp ဝဘ်ဆိုက် ▶ https://www.rfa.org/burmese ဖေ့စ်ဘွတ်ခ် ▶   / rfaburmese   တွစ်တာ ▶   / rfaburmese   အင်စတာဂရမ် ▶  / rfaburmese   တယ်လီဂရမ် ▶https://t.me/rfaburmeseofficial (လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)