Перейти к содержимому

“ဆိုင်ကလုန်းမုန်တိုင်း မိုခါ မေလ ၁၂ ရက်ညနေပိုင်းမှာစစ်တွေကတစ်ဆင့် မြန်မာနိုင်ငံကို ဝင်ရောက်နိုင်တယ်”

MizzimaTV

0:00 / 0:00

“ဆိုင်ကလုန်းမုန်တိုင်း မိုခါ မေလ ၁၂ ရက်ညနေပိုင်းမှာစစ်တွေကတစ်ဆင့် မြန်မာနိုင်ငံကို ဝင်ရောက်နိုင်တယ်”

191 686 просмотров · 3 года назад
MizzimaTV
3,35 млн подписчиков
191 686 просмотров · 3 года назад
KMN(မဇ္ဈိမ)။ ။ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ် သည် ယနေ့ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း “ONE” (01B) ဖြစ်လာနေသည်။ ၎င်းဆိုင်ကလုန်းမုန်တိုင်းသည် ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ်အသွင်ပြောင်းပြီး မေလ ၁၂ ရက်နေ့ ညနေ ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှတစ်ဆင့် မြန်မာနိုင်ငံကို ဝင်ရောက်နိုင်ချေရှိနေသည်။ ဥရောပသမဂ္ဂ(EU)နှင့်ကုလသမဂ္ဂ(UN)မှ ဦးစီးလုပ်ကိုင်နေသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေး ချက်စနစ်(GDACS) အရ မြန်မာနိုင်ငံသို့ အမြင့်ဆုံးလေတိုက်နှုန်း ၁၆၇ ကီလိုမီတာ (တစ်နာရီ ၁၀၃.၇ မိုင်) ရှိသည့် ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်မည့် အခြေအနေကြောင့် လူဦးရေ ၂ သန်းကို ထိခိုက် နိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် “RED ALERT” ထုတ်ပြန်ထားသည်။ လူဦးရေ ၂ သန်းတွင် ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀ ခန့်၊ ချင်းပြည်နယ်မှ လူဦးရေ ၂၁၀,၀၀၀ ခန့်၊ မကွေးတိုင်းမှ လူဦးရေ ၁၇၀,၀၀၀ခန့်၊ စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ ခန့်တို့မှာ အန္တရာယ်ရှိသည့် လေပြင်းတိုက်ခိုက်ခြင်းကို ခံရနိုင်ချေရှိနေသည်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါ မြန်မာနိုင်ငံဝင်ရောက်နိုင်မှုနှင့်ပတ်သက်ပြီး မိုးလေဝသခန့်မှန်းလေ့လာသူ ဦးဝင်းနိုင်ကို မဇ္ဈိမရုပ်သံသတင်းထောက် KMN က ဆက်သွယ်မေးမြန်းထားသည်။ တင်ဆက်၊တည်းဖြတ် - KMN #Mizzima #မိုခါ #ဆိုင်ကလုန်းမုန်တိုင်း ----------------------------------------- @MizzimaTV မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U Subscribe now and join the Mizzima TV family to get insights into Burma's culture and people. With Mizzima TV, you can stay informed about the latest news and events happening in Myanmar, as well as connect with the world.    / @mizzimanewstv   Facebook | Myanmar Language - https://bit.ly/3BuWBSJ Facebook | English language - https://bit.ly/3d5g1V2 Facebook | Mizzima+TV - https://bit.ly/3eGNjdl Twitter - https://bit.ly/3Dbvqh1 Telegram - https://bit.ly/3RRn2rk Tiktok - https://bit.ly/3xngMzE Get Mizzima TV App Free - https://onelink.to/jnuwak/ Website: https://www.mizzima.com/ https://www.mizzimaburmese.com/ https://www.mizzima.tv/