Перейти к содержимому

khit Thit Morning News | 29 September 2026

Khit Thit Media

0:00 / 0:00

khit Thit Morning News | 29 September 2026

168 950 просмотров · 4 часа назад
Khit Thit Media
3,29 млн подписчиков
168 950 просмотров · 4 часа назад
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မွန်ပြည်နယ် ကျိုက်ထိုမြို့အနီးကနေ အားကောင်းသောမုန်တိုင်းငယ် ဆက်လက်ဖြတ်ကျော်နေ ပြီး လာမယ့် ၄၈ နာရီအတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက စက်တင်ဘာ ၂၈ ရက် ည ၁၁ နာရီခွဲမှာ သတိပေးချက်ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တာဟာ တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ သူနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးနေရတဲ့ အခြေအနေကြောင့် ဖြစ်နိုင်တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စက်တင်ဘာ ၂၈ ရက်မှာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ရခိုင်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ ပြန်စနိုင်ရေးအတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာဂ်ချီ ဟာ ဒီနေ့ နယူးယောက်မှာ ကြားဝင်ညှိနှိုင်းပေးနေသူတွေနဲ့ တွေ့ဆုံပြီး နောက်ဆုံး အဆိုပြုချက်တွေနဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ရေးကိစ္စတွေကို ဆွေးနွေးမယ့် သတင်းအပါအဝင် မနက်ခင်းသတင်း တွေကို တင်ဆက်ပေးပါမယ်။