အောင်ဇေယျစစ်ကြောင်း ဂုဏ်သိက္ခာက အဖတ်ဆယ်လို့မရတော့ဘူး (ရုပ်/သံ)
The Irrawaddy News
0:00 / 0:00
အောင်ဇေယျစစ်ကြောင်း ဂုဏ်သိက္ခာက အဖတ်ဆယ်လို့မရတော့ဘူး (ရုပ်/သံ)
377 384 просмотра · 1 год назад
The Irrawaddy News
1,62 млн подписчиков
377 384 просмотра · 1 год назад
အောင်ဇေယျစစ်ကြောင်း ဂုဏ်သိက္ခာက အဖတ်ဆယ်လို့မရတော့ဘူး (ရုပ်/သံ)
ဧရာဝတီ၊ ဧပြီ ၁၃၊ ၂၀၂၅
ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်အားသုံး ချီတက်လာတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ကြောင်း” ဟာ ၂၀၂၅ ဧပြီလ ၁၃ ရက်နေ့ဆိုရင် မြဝတီမြို့ကို ဦးတည် ချီတက်လာတာ တနှစ်ပြည့်ပြပြီဖြစ်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်း တော်လှန်ရေးစစ်ကြောင်းတွေဟာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကရင်ပြည်နယ်၊ မြဝတီခရိုင် အတွင်းမှာရှိတဲ့ သင်္ဃန်းညီနောင် ဗျူဟာ အပါအဝင် ခြေမြန်တပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်းတွေနဲ့ မြဝတီမြို့စောင့်တပ် ဖြစ်တဲ့ ခြေလျင်တပ်ရင်း ခလရ ၂၇၅ တွေကို ချေမှုန်းပြီး သိမ်းပိုက်ခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်ပြီး ၂ နိုင်ငံကုန်သွယ်ရေးအရ မဟာဗျူဟာကျတဲ့ မြဝတီမြို့ကိုပါ အရှက်တကွဲ လက်လွှတ်ဆုံးရှုံးလိုက်ရပြီးတဲ့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုတိုင် လမ်းညွန်ပြီး အောင်ဇေယျ စစ်ကြောင်းကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။
မြဝတီကိုတက်လာတဲ့ အောင်ဇေယျ စစ်ကြောင်းဟာ KNLA နဲ့ တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ် တိုက်ခိုက် ချေမှုန်းမှုတွေကြောင့် လမ်းခရီးမှာဘဲ တဖြုတ်ဖြုတ်ကျဆုံးပြီး တနှစ်ကြာတဲ့ အထိ ရှေ့မတိုးနိုင်ဘဲ အမှည့်ခြွေ တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။
ဒီအခြေအနေတွေကို သိရှိနိုင်ဖို့အတွက် အောင်ဇေယျ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာမှာ အဓိက ဦးဆောင်နေတဲ့ ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်တာဘော ကို ဧရာဝတီက သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #ကော်ဘရာ #ဗိုလ်တာဘော #အောင်ဇေယျစစ်ကြောင်း #WhathappensInMyanmar #မြဝတီ