AAက စစ်တွေတိုက်ပွဲမှာ စစ်စခန်းနှစ်ခုထပ်သိမ်း | People's Spring
People's Spring
0:00 / 0:00
AAက စစ်တွေတိုက်ပွဲမှာ စစ်စခန်းနှစ်ခုထပ်သိမ်း | People's Spring
48 185 просмотров · 10 часов назад
People's Spring
700 тыс. подписчиков
48 185 просмотров · 10 часов назад
AAက စစ်တွေတိုက်ပွဲမှာ စစ်စခန်းနှစ်ခုထပ်သိမ်း
စက်တင်ဘာ-၂၅၊ ၂၀၂၆။ People's Spring
စစ်တွေတိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)က စစ်တွေမြို့နယ် တောကန် နဲ့ ဝါဘိုရွာအနီးဝန်းကျင်က စစ်တပ်ရဲ့ စခန်းနှစ်ခုကို ဒီရက်ပိုင်းမှာ ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ AAနဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ရဲ့ ကျားမသောက်တပ်ရင်းနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)ရဲ့ အဓိကကာကင်းတွေဖြစ်တဲ့ တောကန်ရွာဝန်းကျင်ရှိ ကာကင်းစခန်းတခု နဲ့ ဝါဘိုကျွန်း၊ ဝါဘိုရွာဝန်းကျင်က စခန်းတခုတို့ကို ဆက်တိုက်သိမ်းပိုက်ရရှိတာ ဖြစ်ပါတယ်။
တိုက်ပွဲပြင်းထန်နေတာ လေးရက်လောက်ရှိပြီဖြစ်ပြီး သိမ်းရတဲ့ စခန်းတွေက စခန်းကြီးတွေ မဟုတ်ပေမယ့် အလောင်းတွေနဲ့ လက်နက်တွေရတာ များတယ်လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။ ဒရုန်းတွေလည်း ရတယ်လို့ AA သတင်းရင်းမြစ်က ဆိုပါတယ်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ နှစ်မိုင်ဝန်းကျင်သာ ကွာဝေးတဲ့ တောကန်ရွာအနီးက တပ်စခန်းကိုစက်တင်ဘာ ၂၄ ရက်မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး ဝါဘိုကျွန်းက စခန်းကို စက်တင်ဘာ ၂၃ ရက်မှာ AA ကသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စစ်တွေမြို့နယ်နဲ့ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ရွှေမင်းဂံရေတပ်စခန်းတဖက်ကမ်း ရဲရိုးပြင် ရွာဝန်းကျင်နဲ့ ကွမ်းတောင်ရွာဘက်မှာလည်း တိုက်ပွဲပြင်း
ထန်နေပြီး စစ်တပ်ဘက်က အထိနာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အခြားမြေပြင်သတင်းရင်းမြစ်တစ်ဦးက ဖမ်းမိတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများကြီးလို့ ပြောပါတယ်။
ဖမ်းမိတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ မူးယစ်ဆေးသုံးထားကြတယ်လို့ သူက ဆိုပါတယ်။
စစ်တပ်ဟာ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို တန်ပြန်ထိုးစစ်ဆင်ခဲ့တဲ့ စက်တင်ဘာ ၄ ရက်မှာပဲ အမြင့်ကျွန်းတံတားဝန်းကျင်က တပ်စခန်း ၁ ခု လက်လွှတ်ခဲ့ရပြီး စစ်တွေမြို့နယ် ကံ့ကော်ကျွန်းရွာဝန်းကျင်က ကာကင်းစခန်း ၂ ခု၊ ပုဏ္ဏားကျွန်းမြို့နယ် စပါးထား၊ ဆားပို့တောင်၊ ခမောင်းတော၊ ရဲရိုးပြင်ရွာဝန်းကျင်တို့က ခြေကုပ်နေရာ ၄ ခုတို့ကိုလည်း လက်လွှတ်ထားရပါတယ်။
အခု စခန်း၂ခုထပ်သိမ်းရတာကြောင့် စစ်တွေမြို့နယ်နဲ့ ဆက်စပ်တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ ကာကင်းစခန်းတွေနဲ့ ခြေကုပ်နေရာ ၉ ခု ထက် မနည်းကို AA က သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။
အဲဒီလို တပ်စခန်းတွေ လက်လွှတ်နေရတဲ့ စစ်တပ်ဟာ လေယာဉ်သုံးစီးထက်မနည်းနဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့ နယ်တို့ကို ဆက်တိုက် ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်ရဲ့ အဓိကရှေ့ထွက်ကာကင်းတွေဖြစ်တဲ့ ဇော်မတက်၊ ကံ့ကော်ကျွန်းဝန်းကျင်၊ ကျားမသောက်တပ်ရင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တို့ရဲ့ ရှေ့တန်းကာကင်းတွေရှိရာ တောကန်ရွာဝန်းကျင်တို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ရဲရိုးပြင်ရွာဝန်းကျင်တို့မှာ တိုက်ပွဲတွေ နေ့စဉ်ရှိနေပါတယ်။
====
ကချင်လူငယ်တွေကို စစ်သားစုဆောင်းဖို့ စစ်တပ်နဲ့ ပြည်သူ့စစ်က ကြိုးပမ်းနေ
စက်တင်ဘာ-၂၅၊ ၂၀၂၆။ People's Spring
ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ လူငယ်အများအပြားကို စစ်သားစုဆောင်းဖို့ ကြိုးစားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနကလည်း သတင်းဖော်ပြပါတယ်။
ပြီးခဲ့တဲ့ တပတ်အတွင်း KIAသတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်တွေအရ စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီးမြို့ စတဲ့ ကချင်ဒေသ အများအပြားမှာ စစ်သားစုဆောင်းတာ၊ လူငယ်တွေစစ်မှုထမ်းဖို့ အမည်စာရင်းသွင်းခိုင်းတာတွေ ရှိတယ်လို့ သိရပါတယ်။
ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာ အဲဒီဒေသကိုစစ်အင်အားဖြည့်တင်းဖို့ ပူတာအို ၊ မချမ်းဘော၊ နောင်မွန်းနဲ့ အနီးတဝိုက်ရွာတွေက လူငယ် ၁၉၀ ကျော်ကို အဓမ္မစုဆောင်းရေး ခေါ်ဆောင်သွားသလို ပစ္စည်းသယ်ပေးဖို့ ရွာတိုင်းမှာ ပေါ်တာဆွဲနေတယ်လို့ KIAက အသိပေးထားပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့မှာလည်း စစ်တပ်က လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ အမည်စာရင်းတွေ ထပ်မံတောင်းဆိုနေတယ်လို့လည်း ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁ ရက်ကလည်း နမ္မတီးနဲ့ မိုးကောင်းမြို့တွေမှာ လူငယ်စာရင်းတွေ တင်ပြဖို့ စစ်တပ်က ညွှန်ကြားထားတာရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
အလားတူ ပူတာအိုမှာလည်း လူဦးရေထောင်ချီ စစ်သားစုဆောင်းဖို့ ကြိုးပမ်းနေလို့ ပူတာအိုဒေသခံတွေ သတိပြုနေထိုင်ဖို့ ရဝမ်မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်တပ်နဲ့ ခေါင်လန်ဖူး ပြည်သူ့စစ်အဖွဲ့တွေအတွက် လူဦးရေ ၂,၅၀၀ ပြည့်မီအောင် နည်းလမ်းမျိုးစုံနဲ့ လူစုဆောင်းဖို့ တောင်းဆိုထားကြောင်း သတင်းရရှိထားတာလို့ ဖော်ပြထားပါတယ်။
လက်ရှိမှာလည်း လူငယ်မရှိတဲ့ အိမ်ထောင်စုတစ်စုကို ကျပ် ၅၀,၀၀၀ ထည့်ဝင်ဖို့ တောင်းခံနေသလို လူငယ်တွေကို အထမ်းသမားအဖြစ် စုဆောင်းတာ၊ ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တချို့ လူငယ်တွေဟာ ငွေကျပ်သိန်း ၂၀၀ အထိပေးပြီးတော့ ပြန်လည်ရွေးယူရတဲ့ အခြေအနေရှိတယ်လို့လည်း ရဝမ်မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
ပူတာအိုဒေသ လူစုဆောင်းရေးအစီအစဉ်ကို ရဝမ် ရိုးရာယဉ်ကျေးမှု ခေါင်းဆောင်တွေက ဦးဆောင်နေတယ်လို့ ဆိုပါတယ်။
စုဆောင်းရတဲ့လူငယ်တွေကို မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ စစ်ရေးတာဝန်တွေထမ်းဆောင်ဖို့ လေယာဉ်နဲ့ ပို့ဆောင်နေသလို ခေါင်လန်ဖူးဒေသက တိုက်ပွဲတွေမှာ အသုံးပြုဖို့လည်းဖြစ်တယ်လို့ သတင်းရရှိကြောင်း ရဝမ်မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #စစ်တွေတိုက်ပွဲ #AAစခန်းသိမ်းပိုက်မှု #ရခိုင်စစ်ရေး #ရက္ခိုင့်တပ်တော် #မြန်မာ့စစ်ရေးသတင်း #SittweBattle #AACapturesOutposts #ArakanArmy #RakhineConflict #MyanmarConflict #MyanmarNews#ကချင်လူငယ်များစစ်သားစုဆောင်းခံရမှု #စစ်ကောင်စီစစ်သားစုဆောင်းမှု #ပြည်သူ့စစ်စစ်ဝတ်လဲရေး #ကချင်ပြည်နယ်သတင်း #မြန်မာ့စစ်ရေးသတင်း #KachinYouthRecruitment #JuntaConscription #PyuSawHteeRecruitment #KachinState #MyanmarConflict #MyanmarNews