Khit Thit Evening News | 31 October 2026
Khit Thit Media
0:00 / 0:00
Khit Thit Evening News | 31 October 2026
371 499 просмотров · 12 ч назад
Khit Thit Media
3,31 млн подписчиков
371 499 просмотров · 12 ч назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၃၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့်သတင်းတွေကတော့
ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူ Kim Aris နဲ့ ဖုန်းပြောခွင့်ပေးတာနဲ့ ဗြိတိန်နိုင်ငံရဲ့ ချားလ်စ်ဘုရင်ကပေးတဲ့ စာနဲ့ ဥယျာဉ်စိုက်ပျိုးရေးစာအုပ် ၂ အုပ် လက်ခံခွင့်ပြုတာတွေကို မြန်မာ စစ်အုပ်စုရဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲ မှုအဖြစ် မမြင်သင့်ဘူးလို့ ဗြိတိန်လူ့အခွင့်အရေးလှုပ်ရှားသူ ရော်ဂျာစ် က သတိပေးထားပါတယ်။
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲအတုထဲ ဝင်ပြိုင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ (UPUP) ရဲ့ပါတီဝင်လူငယ်တွေကိုပါ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က ပေါ်တာဆွဲဖမ်းဆီးမှုအပေါ် တရားစွဲမယ်ဆိုပြီး အဲ့ဒီ UPUP ဥက္ကဋ္ဌ က ဒေါသတကြီးပြောလာပါတယ်။
ပဲခူးတိုင်း ၊ ပြည်မြို့နယ်က ဝက်ထီးကန်နယ်မြေမှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ် သတင်းပေး ၃ ဦး ရှင်းလင်းခံရပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဆက်တိုက် နှုတ်ထွက်စာတင်သွင်းနေ ကြပြန်တယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကို တော်ဝင်ထိုင်းကြည်းတပ်ရဲ့ ဗိုလ်ချုပ် အဆင့်ရှိသူကိုယ်တိုင်လာရောက်ပြီး မြန်မာဘက်အခြမ်းက ကျည်တွေ ထိုင်းနိုင်ငံဘက်ကို ထပ်မံကျရောက်လာရင် ပြန်လည် တုံ့ပြန် နိုင်အောင် စစ်လက်နက်ပစ္စည်းတွေ အသင့်ပြင်ထားဖို့အထိ ညွှန်ကြားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။