Перейти к содержимому

Khit Thit Morning News | 31 October 2026

Khit Thit Media

0:00 / 0:00

Khit Thit Morning News | 31 October 2026

102 965 просмотров · 3 ч назад
Khit Thit Media
3,31 млн подписчиков
102 965 просмотров · 3 ч назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့်သတင်းတွေကတော့ NLD အစိုးရလက်ထက်က ဂျပန်အစိုးရနဲ့ ပူးပေါင်းတည်ဆောက်ဖို့ စီစဉ်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားခဲ့တဲ့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းကို ပြန်လည်စတင်နိုင်ရေးအတွက် မင်းအောင်လှိုင်က ဦးဆောင်ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။ -ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က အဆင့်မြင့်မင်္ဂလာဈေးသစ်ကို ၁၀ နှစ်ကျော်ကြာ ပြန်လည် တည်ဆောက်ပြီးနောက် နိုဝင်ဘာလ ပထမပတ်မှာ ပြန်ဖွင့်ဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် ဈေးအတွင်း ဆိုင်ခန်းနဲ့ လျှောက်လမ်းတွေ ကျဉ်းမြောင်းတာ၊ သန့်ရှင်းရေး အားနည်းတာ၊ မီးဘေးအန္တရာယ်နဲ့ ဈေးသူဈေးသားတွေကို သုံးရက်အတွင်း အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတာတွေကြောင့် ဝေဖန်မှုတွေ ရှိနေပါတယ်။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ ၃ ရွာနဲ့ SNA၊ စစ်တပ် ပူးပေါင်းစစ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုငွေကြေး လဲလှယ်ရေးပလက်ဖောင်း Binance ဆီကနေ ဒေါ်လာ ၆.၃ ဘီလီယံတန်ဖိုးရှိ ခရစ်ပတိုငွေကြေးတွေကို ဟက်ကာတွေက ခိုးယူသွားပြီးနောက် Binance က ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ပိတ်ဆို့ခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။